the republic of the union of myanmar

ministry of health

Department of Traditional Medicine

Latest news

ဆောင်ရွက်ချက်များ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် မြိုနယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်းပြီး ၈-၇-၂၀၂၃ ရက်နေ့တွင်  ကျောက်တော်မြို့ ပိုက်သည်(မူ)အုပ်စုကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာကျား(၃၆)ဦး၊ မ(၇၅)ဦး၊ လူနာ စုစုပေါင်း (၁၁၁)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်းနှင့် ကုသရန်ကျန်ရှိနေသည့် လူနာများအား ၉-၇-၂၀၂၃ ရက်နေ့တွင် အဆိုပါနေရာ၌ ဆက်လက် ဆေးကုသမှုပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ   ဆရာ/ဆရာမများသည် ၆-၇-၂၀၂၃ ရက်နေ့တွင် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံခြံဝင်းအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းအတွက် မက်ဒဲရှား (၂၀)ပင်၊  ရေတမာ(၂)ပင်၊ ပေါက်ပန်းဖြူ (၁၀)ပင် စုစုပေါင်း (၃၂)ပင် စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးဇော်လင်းထွန်းသည် ၅-၇-၂၀၂၃ ရက်နေ့တွင် မောင်တောမြို့ အောင်ဗလကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကွင်းဆင်းဆေးကုသခဲ့ရာလူနာ ကျား (၁၀)ဦး၊  မ (၄၃) ဦး၊ စုစုပေါင်း (၅၃) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့်  ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်  ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်ပြပွဲကို ၂၉-၆-၂၀၂၃ ရက်နေ့မှ ၁-၇-၂၀၂၃ ရက်နေ့အထိ ကျင်းပရာတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးမှ အရောင်းပြခန်းအတွင်း ဒေသတွင်း တိုင်းရင်း ဆေးဝါးထုတ်ကုန်များကို ခင်းကျင်းပြသရောင်းချခြင်းများ ဆောင်ရွက်ခဲ့​ပါကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် သံတွဲခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး​ဒေါ်လှိုင်လေးအောင်သည် ၂-၇-၂၀၂၃ ရက်နေ့တွင် သံတွဲမြို့လင်းသာရပ်ကွက်ငပလီ၌ ကျား-လူကြီး(၄၅)ဦး၊ မ-လူကြီး(၅၅)ဦး၊ ကျား-လူငယ် (၅)ဦး၊ မ-လူငယ်(၁၀)ဦး စုစုပေါင်း(၁၁၅)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်းနှင့် လူဦးရေ(၆၀)ဦးအား တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့