the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ပန်းနာရင်ကြပ်ရောဂါခေါင်းစဉ် စာတမ်းအား တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားကျင်းပခြင်း

ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် (၁၈-၁၁-၂၀၂၃)ရက်   စနေနေ့ နံနက် ၁၀:၀၀နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး   တောင်ငူခရိုင် ရေတာရှည်မြို့(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၌  ကျင်းပပြုလုပ်သော  တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME)အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်း‌အနားတွင် သဘာပတိအဖြစ် ရေတာရှည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေနှင်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် (၁၆)ခုတင်ဆံ့ ရေတာရှည်တိုင်းရင်းဆေးရုံမှ ဌာနခွဲစာရေး ဒေါ်မေသူဝင်း မှဆောင်ရွက်ခဲ့ပြီး ပန်းနာရင်ကြပ်ရောဂါ စာတမ်းအား  ရေတာရှည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ကေသီမွန်မှ ဖတ်ကြားတင်ပြခဲ့ပါသည်။

အခမ်းအနားတွင် (၁၆)ခုတင်ဆံ့ရေတာရှည်တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမောင်မောင်သန့် (၁၆)ခုတင်ဆံ့ ဖြူးတိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး၊ ဒေါ်ဇင်မင်းထွန်း၊ ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ  မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်း‌ဝင်းအေး၊ ရေတာရှည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေနှင်းတို့မှ ပန်းနာရင်ကြပ်ရောဂါစာတမ်းအား ဆွေးနွေးအကြံပြုခဲ့ပြီး တက်ရောက်သူ (၁၄)ဦးခန့်တက်ရောက်ခဲ့ကြောင်း  သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လေထိုး လေအောင့်ရောဂါ နှင့် တိုင်းရင်းဆေးပညာ အကြောင်းသိကောင်းစရာ
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ တိုင်းရင်းဆေးပညာ
အအေးမိဖျားနာတုပ်ကွေးရောဂါမဖြစ်မီ ကြိုတင် ကာကွယ် ဂရုစိုက်နေထိုင်သင့်
ဆ ေးဖက်အသ ေးဝင် ဆပေါက်ပင