the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော် တိုင်းရင်းဆေးရုံကြီး၏ ပြင်ပလူနာဌာနခွဲဖွင့်လှစ်နိုင်ရေးကို အကြိုလှုပ်ရှားမှုအနေဖြင့် ဒုတိယအကြိမ် အခမဲ့ကွင်းဆင်းဆေးကုသခြင်း

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်တွင် နေပြည်တော်တိုင်းရင်းဆေးရုံ ကြီး၏ ပြင်ပလူနာဌာနခွဲဖွင့်လှစ်နိုင်ရေးကို အကြိုလှုပ်ရှားမှုအနေဖြင့် ၁၇-၆-၂၀၂၃ ရက်နေ့တွင် ဒုတိယ အကြိမ် နေပြည်တော်ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ ဒုတိယဆေးရုံအုပ် ဦးလှမော်နှင့် အကြောအရိုး အဆစ်ရောဂါကုဌာနတာဝန်ခံ အကြီးတန်းတိုင်းရင်းဆေးမှူး ဦးကျော်စွာဝင်းတို့က ဦးဆောင်ပြီး ကွင်းဆင်း ဆေးကုသရေးအဖွဲ့သည် ဥတ္တရသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း(မြောက်) ကျေးရွာသို့ ပြည်သူလူထုအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ကွင်းဆင်းဆေးကုသ ပေးခဲ့ပါသည်။

          အဆိုပါကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပြီး ဆက်လက်ဆေးကုသမှု ခံယူနိုင်ရန်အတွက် ပျဉ်မနား-တောင်ညိုလမ်းပေါ်ရှိ အမျိုးသားပရဆေးဥယျာဉ်တွင် ဖွင့်လှစ်မည့် နေပြည်တော် တိုင်းရင်းဆေးရုံကြီး၏ ပြင်ပလူနာဌာနခွဲတွင်လည်း ဆက်လက်ပြသကုသမှုခံယူနိုင်ကြောင်း လမ်းညွှန်စာအုပ်နှင့်အတူ အသိပေး ပြောကြားခဲ့ပါသည်။

          အဆိုပါကျေးရွာတွင် အရိုအဆစ်ရောဂါဝေဒနာရှင်များ၊ ထုံနာကျင်နာကိုက်ခဲဝေဒနာရှင်များ၊ မီးယပ် ရောဂါများ၊ ခေါင်းအုံ၊ ခေါင်းကိုက်နှင့် အထွေထွေရောဂါဝေဒနာရှင်များ လာရောက်ကုသမှု ခံယူကြပြီး အမျိုးသားလူနာ(၄၁)ဦးနှင့် အမျိုးသမီးလူနာ(၇၈)ဦး စုစုပေါင်း(၁၁၉)ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပါသည်။ ဆေးရုံတက်ရောက်ကုသမှုခံယူရန် လိုအပ်သည့် ဝေဒနာရှင်များအား နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူရန် အသိပေးပြောကြားခဲ့ပြီး  ကွင်းဆေးကုသခြင်းကို နေ့လယ် (၂:၀၀)နာရီတွင် ရပ်နားခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်