the republic of the union of myanmar

ministry of health

Department of Traditional Medicine

အများပြည်သူသိရှိရန် အသိပေးကြေညာချက်

၁။ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန် ပြီး ဘေးအန္တရာယ်ကင်းရှင်းသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

၂။ယခုအခါ Facebook ကဲ့သို့ Online Media များတွင် ရောင်းချနေသော အချို့တိုင်းရင်း ဆေးဝါးများသည် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားခြင်းမရှိပါသဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်း၍ အာနိသင်ထိရောက်မှုအတွက် အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း အသိပေးအပ်ပါသည်။  

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ
ခြေဖနောင့်နာခြင်းအား တိုင်းရင်းဆေးပညာဖြင့် ကာကွယ်စောင့်ရှောက်ခြင်း
ဆောင်းဉတုအတွက်တိုင်းရင်းဆေးပညာအရ ကျန်းမာရေးစောင့်ရှောက်ခြင်း၂၀၂၄ ရေဒီယိုTALK
အဆီတိုးရောဂါအကြောင်းသိကောင်းစရာ