the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးတက္ကသိုလ်မှ ကွင်းဆင်းဆေးကုသခြင်းနှင့် သုတေသနစစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

တိုင်းရင်းဆေးတက္ကသိုလ်မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်းနှင့် ဆေးပညာဌာန ပါမောက္ခ/ ဌာနမှူး ပါမောက္ခဌေးလွင်၊ သုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်တာရာမြင့်တို့ ဦးဆောင်၍ ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများသည် ၁၀-၉-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စု၊ သုံးတောင်ကျေးရွာ၊ ကျောက်ဖျာဒိုးကျေးရွာ၊ ကျင်ဂနိုင် ကျေးရွာများ၌ စတုတ္ထနှစ်ကျောင်းသား/ကျောင်းသူများအတွက် သင်ရိုးညွှန်းတမ်းပါ အတိုင်း ကွင်းဆင်း ဆေးကုသခြင်း၊ ပြည်သူ့ဘဝလေ့လာရေးသုတေသန စစ်တမ်းကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး မန္တလေးတိုင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရာ လူနာ (၁၃၀)ဦးကို ဆေးကုသပေးနိုင်ခဲ့ပြီး လိုအပ်သောဆေးဝါးများကို တိုင်းရင်းဆေးဝါး စက်ရုံ( မန္တလေး)မှ ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့