the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးသို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်းကြေငြာခြင်း

၁။       ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာနအောက်ရှိ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးသို့ ပထမဦးစားပေး လျှောက်ထားလို သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့(အဆင့်မြင့်ပညာဦးစီးဌာန)မှ ထုတ်ပေး သည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်ဖြစ်သည်။

၂။       တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးသို့ ပထမဦးစားပေး လျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာတင်သွင်းရန် သတ်မှတ်ထားသော တက္ကသိုလ် (၂၆)ခုသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

၃။       တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၏ ဝင်ခွင့်ရွေးချယ်ရေးကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ရွေးချယ်မည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ကို သေချာစွာဖတ်ရှုပြီးမှသာ ဝင်ခွင့်လျှောက်ထားရန်ဖြစ်ပါကြောင်းနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ စာအိတ်ကို သြဂုတ်လ (၂၅)ရက်မှ စက်တင်လာလ (၁၀)ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) လက်ခံမည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မေးရွဲ့ပါးရွဲ့ရောဂါအား တိုင်းရင်းဆေးပညာဖြင့် ကာကွယ်စောင့်ရှောက်ခြင်း
ဆေးဖက်အသုံးဝင် ကင်းပုံပင်
ဆေးဖက်ဝင် အုန်းပင်
ဆေးဖက်ဝင် ကျောက်ဖရုံပ