the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာနမှ ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာန၊ ကျောက်ဖြူမြို့မှ  ၁၇-၉-၂၀၂၃ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး  ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ပါဝင်သော အဖွဲ့သည် ကျောက်ဖြူမြို့ရှိ ဘိုးဘွားရိပ်သာ၌ ကျားကြီး(၃)ဦး၊ မကြီး(၁၃)ဦး၊ စုစုပေါင်း (၁၆)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ကျန်းမာရေးအသိပညာပေး ဟောပြောမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးသည် (၁၆-၉-၂၀၂၃)ရက်နေ့တွင် တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အ.လ.က (ဘုရားကြီး) မင်္ဂလာပရဟိတကျောင်း၌ ကျင်းပခဲ့ရာတွင် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးမှ ကျောင်းသူ/ကျောင်းသား (၂၀၀) ဦးတို့အား မိုးရာသီတွင်ဖြစ်တတ်သော ရောဂါများနှင့်တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ကျား(လူကြီး) ၁၃ ဦး၊ မ(လူကြီး) ၃၂ ဦး၊ ကျားကလေး ၁၀ ဦး၊ မကလေး ၁၃ ဦး စုစုပေါင်း ၆၈ ဦးတို့အား ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၁၆-၉-၂၀၂၃ ရက်နေ့တွင် သဲကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးမော်သည် မြန်မာနိုင်ငံအမျိူးသမီးရေးရာအသင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ သီတဂူစာသင်တိုက်ကျောင်းရှိ စာသင်သံဃာတော်အပါး(၈၀)တို့အား နေ့ လယ်၁၁း၀၀ နာရီမှ နေ့လယ် ၂:၃၀ မိနစ်အထိ တိုင်းရင်းဆေးဖြင့် ဆေးဝါးကုသမှူများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး ​တောင်ငူခရိုင် ဖြူးမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ ၁၆-၉-၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါ်ဝင်းဝင်း​အေးသည် ပြန်ကြား​ရေးဝန်ကြီးဌာန မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ပူး​ပေါင်း၍ ရာသီအကူးအ​ပြောင်းတွင် အဖြစ်များသော​ရောဂါများအ​ကြောင်းကို အသိပညာ​ပေး TALK SHOW ​ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ