မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ Talk Show ပြုလုပ်ခြင်း
Wed , Sep 20 2023 - 10 amမန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ (၁၈.၉.၂၀၂၃) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦးတို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာဖြင့် သွေးတိုးရောဂါကာကွယ်ကုသရေး အသိပညာပေးအကြောင်းကို Talk Show ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၉-၉-၂၀၂ ၃ရက်နေ့တွင် ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါဖြိုးအိအိဇာ ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့ ဘိုးဘွားရိပ်သာ၌ အခမဲ့ကွင်းဆင်းဆေးကုသမှု ပေးခဲ့ရာ ဘိုးဘွား(၂၅)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၁၉-၉-၂၀၂၃ ရက်နေ့တွင် ပြည်ခရိုင် ပန်းတောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ခင်လှတိုးသည် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ သွေးတိုးရောဂါအကြောင်းကို အသိပညာပေးTALK SHOW ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ၁၉-၉-၂၀၂၃ ရက်နေ့တွင် ပေါင်းတည်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်လွင်လွင်အေးနှင့် အငယ်တန်းစာရေး ဦးကျော်လင်းစိုးတို့သည် ပေါင်းတည်ဘိုးဘွားရိပ်သာ၌ အခမဲ့ကွင်းဆင်းဆေးကုသ ဆောင်ရွက်ခဲ့ပြီး လူနာမ ၂၀ ဦးအား တိုင်းရင်းဆေးဖြင့်ဆေးကုသဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။