the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ ဒုတိယဆေးရုံအုပ် ဒေါ်ယဥ်ယဥ်မြင့် ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်ကျော်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မိတင်တင်ဦး၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း၊ ရုံးအကူ ဒေါ်စီစီမြင့် တို့ပါဝင်သောကွင်းဆင်းဆေးကုသရေးအဖွဲ့သည် (၂၂.၉.၂၀၂၃)ရက်             (​သောကြာနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း၌ နံနက်(၉)နာရီမှ နေ့လယ်(၃)နာရီအထိ၊  မီးယပ်ဖြူဆင်းရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များနှင့် ဝိသမအဖျားပျောက်ဆေးအကြောင်းသိကောင်းစရာ အကြောင်းတို့ကို ကျန်းမာရေးအသိပညာ ပေးဟောပြောရာ ဟောပြောပွဲတက်ရောက်သူ (၁၅၀)ဦးရှိပြီး  လူနာ-မ (၁၄၂)ဦးတို့အား အခမဲ့ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ၂၃-၉-၂၀၂၃ ရက်နေ့တွင် ဒုတိယတိုင်းဒေသကြီး​ဦးစီးဌာနမှူး ဒေါ်တင်တင်ဝေ၊ ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သန်းနိုင်အေး၊ မကွေးမြို့နယ် တိုင်းရင်းဆေးမှူး ဦးဇေယျာမင်းအောင်တို့အဖွဲ့သည် မကွေးမြို့နယ်ပညာစက္ကာရာမကျောင်းတိုက်ရှိ သံဃာတော်၅ပါး၊ ဥပုသ်သီလဆောက်တည်သူ၄၀ဦး၊ စုစုပေါင်း(၄၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု‌ပေးခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် သံတွဲခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်ဦးစီးဌာနမှူးဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ၂၂-၉-၂၀၂၃ ရက်နေ့တွင် သံတွဲမြို့နယ် မေတာဝတီဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား ၁၅ ဦး မ၃၂ ဦး စုစုပေါင်း၄၇ ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

တိုင်းရင်းဆေးပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  ပွင့်ဖြူ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှုး ဒေါ်ညိုညိုသန့်နှင့် ဆေးခန်းအကူ ဒေါ်ခင်ခင်ဝင်းရီတို့သည် ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ ၌ (၂၀.၉.၂၀၂၃)ရက်နေ့တွင် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၂၃)ဦး မ (၃၁)ဦး စုစုပေါင်း (၅၄) ဦး တို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ