ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်ခင်မြင့်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊မြို့နယ်အားကစားမှူးတို့နှင့်ပူးပေါင်း၍၂၆.၉.၂၀၂၃ရက်နေ့ နံနက်၁၀နာရီတွင် အ.လ.က.စျေးပိုင်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူ ၁၀၀ဦးအား ဟောပြောခြင်းနှင့် ၈၅ဦးအား တိုင်းရင်းဆေးဖြင့်ကွင်းဆင်းဆေးကုသခြင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၂၇.၉.၂၀၂၃ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်း ဦးဆောင်သောအဖွဲ့သည် မြစ်သားမြို့နေရှင်နယ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကွင်းဆင်းခဲ့ရာ လူဦးရေ(၁၀၃)ဦးအား ကျန်းမာရေးပညာပေးဟောပြောခဲ့ပြီး လူဦးရေ(၉၀)ဦးအား အခမဲ့ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ ၁၆ ခုတင်ဆံ တိုင်းရင်းဆေးရုံမှ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၂၃-၉-၂၀၂၃ ရက်နေ့တွင် ဖြူးမြို့ ၁၆ခုတင်ဆံ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်း၊ အကြီးတန်းစာရေး ဒေါ်မြစန်းအေးတို့သည် မြို့နယ်တိုင်းရင်းဆေးခန်းမှ ဆေးခန်းမှူး ဆရာမဒေါ်ဝင်းဝင်းအေးနှင့်ပူးပေါင်း၍ ဝတီးကျေးရွာ ဘုန်းတော်ကြီးသင်စာသင်ကျောင်း၌ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ဆေးကုသမှုဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူ ၁၂၃ ဦဦး အား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းနှင့် မီးဖိုချောင်သုံးဆေးဖက်ဝင်အပင်များအကြောင်းဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူနှင့် ဆရာမစုစုပေါင်း ၆၀ဦး တို့ အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် သံတွဲခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်ဦးစီးဌာနမှူးဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ၂၃-၉-၂၀၂၃ ရက်နေ့တွင် နန်းချောင်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ရာတွင် လူကြီးကျား ၃၂ဦး လူကြီးမ ၄၅ဦး ကလေးကျား ၃ဦး ကလေးမ ၅ ဦး စုစုပေါင်း ၈၅ ဦးအား ဆေးကုသပေးခဲ့ပြီး ပြည်သူလူထု ၈၅ ဦးအားကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။