မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများသည် (၂-၁၀-၂၀၂၃)ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပုသိမ်ကွင်း အ.လ.က ကျောင်း၌ သွားရောက်ကာ ကျောင်းကျန်းမာရေး ဟောပြောဦးရေ (၁၀၀)နှင့် ကျောင်းသူကျောင်းသား (၃၂)ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၃၀.၉.၂၀၂၃ ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ပိုက်ယဉ်ဝင်း ဦးဆောင်သောဆေးကုသရေးအဖွဲ့သည် အမှတ်(၇)ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံမင်းကျောင်းတိုတ်၌ သွေးတိုးရောဂါအကြောင်း ဟောပြောခဲ့ပြီး၊ လူနာ ကျား(၄)ဦး၊ မ(၁၆)ဦး၊ စုစုပေါင်း(၂၀)ဦးအား တိုင်းရင်းဆေးဖြင့် အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ပါဝင်သော အဖွဲ့သည် ၁-၁၀-၂၀၂၃ ရက်နေ့တွင် ကျောက်ဖြူမြို့ရှိ ငလပွေ့ ရပ်ကွက်၌ ကျားကြီး(၄)ဦး၊ မကြီး(၃၇) ဦး၊ ကျားလေး (၁)ဦး၊ စုစုပေါင်း(၄၂)ဦးအား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ပြည်သူလူထု (၄၂) ဦးတို့အား ကျန်းမာရေးအသိပညာပေး ဟောပြောမှု ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမိစံ နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စုမာဖြိုး တို့ပါဝင်သောအဖွဲ့သည် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၁.၁၀.၂၀၂၃ ရက်နေ့တွင် ဂျင်ရဲမြောင်ကျေးရွာ၌ ကျား(၁၅)ဦး မ(၃၅)ဦး စုစုပေါင်း-၅၀ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။