the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၃၀.၉.၂၀၂၃ ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ပိုက်ယဉ်ဝင်း ဦးဆောင်သောဆေးကုသရေးအဖွဲ့သည် အမှတ်(၇)ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံမင်းကျောင်းတိုတ်၌ သွေးတိုးရောဂါအကြောင်း ဟောပြောခဲ့ပြီး၊ လူနာ ကျား(၄)ဦး၊ မ(၁၆)ဦး၊ စုစုပေါင်း(၂၀)ဦးအား တိုင်းရင်းဆေးဖြင့် အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ပါဝင်သော အဖွဲ့သည် ၁-၁၀-၂၀၂၃ ရက်နေ့တွင် ကျောက်ဖြူမြို့ရှိ ငလပွေ့ ရပ်ကွက်၌ ကျားကြီး(၄)ဦး၊ မကြီး(၃၇) ဦး၊ ကျားလေး (၁)ဦး၊ စုစုပေါင်း(၄၂)ဦးအား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ပြည်သူလူထု (၄၂) ဦးတို့အား ကျန်းမာရေးအသိပညာပေး ဟောပြောမှု ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမိစံ နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စုမာဖြိုး တို့ပါဝင်သောအဖွဲ့သည် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၁.၁၀.၂၀၂၃ ရက်နေ့တွင် ဂျင်ရဲမြောင်ကျေးရွာ၌ ကျား(၁၅)ဦး မ(၃၅)ဦး  စုစုပေါင်း-၅၀ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံခရိုင်/ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ (၁-၁၀-၂၀၂၃) ရက်​နေ့တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများ နေ့ကျင်းပသည့် ကျိုင်းတုံမြို့  ဘိုးဘွားရိပ်သာ၌ ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံခရိုင်/ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံတို့ပူးပေါင်း၍ သက်ကြီးဘိုးဘွားများနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများ  ကျား  ၂၀ ဦး၊ မ ၃၀ ဦး  စုစုပေါင်း ၅၀ ဦးအားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ​ပေးခဲ့ ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ