မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့်နှင့်အဖွဲ့သည် ၄-၁၀-၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဌာန ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လက်ပံကွေ့အ.မ.ကကျောင်းရှိ ကျောင်းသား/ကျောင်းသူများ အား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မိုးရာသီတွင် အဖြစ်များသောရောဂါများအကြောင်းဟောပြောခဲ့ပြီး (၁၇ )ဦးအား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စံသွယ်ဦးဆောင်သောအဖွဲ့နှင့် ကုသရေးဦးစီးဌာန ကျောင်းကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ ၄-၁၀-၂၀၂၃ ရက်နေ့တွင် ရေနံချောင်းမြို့ ရေခဲစက်ရပ်ကွက်ရှိ အထကခွဲဲဝက်ချုပ်ကျောင်း၌ ကျောင်းသူ/ ကျောင်းသား ၅၉၄ ဦးအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ၂၃၆ ဦးအား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းနှင့် ရေချိုးခေါင်းလျှော်ခြင်းနည်းစဥ်များအကြောင်း ပညာပေးဟောပြောခဲ့ပြီး ၄၇ ဦးအား တိုင်းရင်းဆေးများဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြာင်းသိရသည်။
ပဲခူးတိုင်းဒေသကြီး (၁၆) ခုတင်ဆံ တိုင်းရင်းဆေးရုံ ပေါင်းတည်မြို့မှ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ၃-၁၀-၂၀၂၃ ရက်နေ့တွင် (၁၆) ခုတင်ဆံတို င်းရင်းဆေးရုံပေါင်းတည်မြို့မှ ဒုတိယဆေးရုံအုပ် ဒေါ်လွင်လွင်အေးနှင့် အကြီးတန်းစာရေး ဒေါ်ပိုးပိုးပွင့်ဖြူတို့သည် ပေါင်းတည်ဘိုးဘွားရိပ်သာ၌ အခမဲ့ ကွင်းဆင်းဆေးကုသဆောင်ရွက်ရာ လူနာ မ (၂၀)ဦးအားဆေးကုသဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် ဦးဆောင်သောအဖွဲ့သည် ၂-၁၀-၂၀၂၃ ရက်နေ့ဘုရားကြီး အောင်ဓမ္မရိပ်သာ၌ တရားစခန်းဝင် ယောဂီများကို တိုင်းရင်းဆေးဖြင့်အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ကွင်းဆင်းဆေး ကုသပေးခဲ့သော လူနာဦးရေ မှာ လူကြီး ကျား (၁၅)ဦး၊ မ (၃၀) ဦး စုစုပေါင်း (၄၅)ဦးကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။