ပဲခူတိုင်းဒေသကြီး သနပ်ပင်မြို့နယ်တိုင်းရင်းဆေကုဌာနမှ ပဲခူတိုင်းဒေသကြီး တိုင်းရင်ဆေးပညာဉီးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် သနပ်ပင်မြို့နယ် တိုင်းရင်းဆေကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်ခင်မြင့်သည် သနပ်ပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၅.၁၀.၂၃ရက်နေ့နံနက်၁၀နာရီတွင် သနပ်ပင်မြို့နယ် ရစ်ကန်လေးကျေးရွာအ.ထ.က(ခွဲ)ကျောင်းသို့ သွားရောက်ကာ တိုင်းရင်းဆေးအကြောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ(၈၀)ဉီးအား ဟောပြောခဲ့ပြီးကျောင်းသား/သူ(၅၂)ဦးအားတိုင်းရင်းဆေးဖြင့်ကျောင်းကျန်းမာကွင်းဆင်းဆေးကုသခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင် ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၅.၁၀.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်သည် ရွှေတောင်မြို့နယ် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဦးစီးဌာန,စားသုံးသူရေးရာဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရွှေတောင်မြို့ကြာနီကန်ရပ်ကွက်ရှိ (အမကယောဒေါင့်)ကျောင်းသို့ သွားရောက်ကာ တိုင်းရင်းဆေးဝါးသုံးစွဲသူများသိကောင်းစရာအကြောင်းကို ကျောင်းသား/ကျောင်းသူ(၅၂)ဦးအားအသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် (အမကလှိုင်မြရှင်)ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၅၈)ဦးအား အဆုတ်ရောင်ရောဂါအကြောင်းအသိပညာပေးဟောပြောခဲ့ ကြောင်း သိရသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများသည် ၅-၁၀-၂၀၂၃ ရက်နေ့တွင် သဲဖြူကုန်း အ.လ.ကကျောင်း၌ ပြန်ကြားရေးနှငိ့ပြည်သူ့ဆက်ဆံရေးရေးဌာနတို့နှင့်ပူးပေါင်း၍ သွားရောက်ကာ ကျောင်းကျန်းမာရေးဟောပြောဆောင်ရွက်ရာတွင် လူဦးရေ (၂၅၀) ဦးနှင့် ကျောင်းသူ ကျောင်းသားဦးရေ ကျား ၁၅ ဦးနှင့် မ ၂၁ဦး စုစုပေါင်း ကျောင်းသူ/ကျောင်းသား (၃၆)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ပါကြောင်း သိရသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများသည် ၃-၁၀-၂၀၂၃ ရက်နေ့တွင် ကော့ကရင် အ.ထ.က ကျောင်း၌ ပြန်ကြားရေးနှငိ့ပြည်သူ့ဆက်ဆံရေးရေးဌာနတို့နှင့်ပူးပေါင်း၍ သွားရောက်ကာ ကျောင်းကျန်းမာရေးဟောပြောဆောင်ရွက်ရာတွင် လူဦးရေ (၁၉၀) ဦးနှင့် ကျောင်းသူ/ကျောင်းသား (၃၈)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပါကြောင်း သိရသည်။