ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မိုးဝေသည် ၅-၁၀-၂၀၂၃ ရက်နေ့တွင် မြန်အောင်မြို့အမှတ်(၅)ရပ်ကွက် အ.မ.က (တာကြီးတန်း)၌ ကျောင်းကျန်းမာရေးကွင်းဆင်းဆေးကုသခဲ့ရာတွင် ကလေး ကျား၆၄ ဦး၊ မ ၆၄ ဦး ၊ စုစုပေါင်း ၁၂၈ ဦးအား ကွင်းဆင်း ဆေးကုသမှုပေးခဲ့ ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးသည်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အမျိုးသမီးရေးရာတို့နှင့်ပူးပေါင်းပြီး ၆-၁၀-၂၀၂၃ ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးလေးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန (တွံတေး)သို့သွားရောက်ပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ခဲ့ပြီး ဟောပြောပွဲတွင် အမျိုးသမီးများတွင်ဖြစ်တတ်သောရောဂါများအကြောင်းနှင့်တစ်ကိုယ်ရေသန့်ရှင်းရေး အရေးကြီးကြောင်း ဟောပြောခဲ့ပြီး တက်ရောက်သူ စုစုပေါင်းဦးရေမှာ ၁၂၀ ဦးပြီး ဟောပြောပွဲအပြီးတွင် ဌာနရှိ အမျိုးသမီးလေးများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးပြီး လူကြီး (မ) ၇၂ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းပင်လုံမြို့နယ် တိုင်းရင်းဆေးကုဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၅.၁၀.၂၀၂၃ ရက်နေ့၊ အ.လ.က(၂)ပင်လုံမြို့တွင် မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်စကားဝါမှ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်မီးဖိုချောင်မှဆေးစွမ်းကောင်းများအကြောင်းကို ကျောင်းသူ/ကျောင်းသား(၇၅)ဦးကို ဟောပြောခဲ့ပြီးကျား ၁၅ဦး၊ မ ၁၉ ဦး တို့အားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး(မန္တလေး)မှ (၆-၁၀-၂၀၂၃) ရက် သောကြာနေ့တွင် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး(မန္တလေး)မှ ဒုတိယဆေးရုံအုပ် ဒေါ်သိန်းထိုက်၊ အကြီးတန်းတိုင်းရင်းဆေးမှုး ဒေါ်မြမြခိုင်၊ တိုင်းရင်းဆေးမှုး ဒေါ်ယဉ်မေသန်းတို့ ဦးဆောင်ပါဝင်သောအဖွဲ့သည် အမျိုးသမီးအသက် မွေးအတတ်ပညာသင်ကျောင်းသို့ သွားရောက်၍ လူနာ မ ၉၃ ဦးအား ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။