ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပြည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၉.၁၀.၂၀၂၃)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်အေးအေးချစ်သည်ခေတ္တရာဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသရာကျား(၆) ဦး၊ မ(၁၅)ဦး စုစုပေါင်း ဘိုးဘွား(၂၁)ဦးအားဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ လွိုင်လင်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူးနှင့် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူးများ ပါဝင်သောအဖွဲ့တို့သည် ၁၀-၁၀-၂၀၂၃ ရက်နေ့နံနက် (၉)နာရီတွင်စတင်၍ လွိုင်လင်မြို့၊ ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် တိုင်းရင်းဆေးပညာဖြင့် လူနာ ကျား(၁၄)ဦး၊ မ(၂၇) ဦး၊ ကလေးမ(၁)ဦး စုစုပေါင်း (၄၂) ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးချစ်သည်ခေတ္တရာဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသရာကျား( ၆) ဦး မ ( ၁၅)ဦးစုစုပေါင်းဘိုးဘွား(၂၁)ဦးအားဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးသက်လုံဦးသည် ၉-၁၀-၂၀၂၃ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဆီးချိုရောဂါအကြောင်းသိကောင်းစရာအသိပညာပေး (Talk Show)ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။