the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရခိုင်ပြည်နယ် စစ်တွေခရိုင် မြောက်ဦးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ထမ္မရာဇ်ရပ်ကွက် ၉-၁၀-၂၀၂၃ ရက်နေ့တွင် အုပ်ချုပ်ရေးမှူးရုံးတွင် မွေး/ကုဌာနမှ ကျင်းပပြုလုပ်သည့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း ဆင့်ပွားသင်တန်းတွင် စစ်တွေခရိုင် မြောက်ဦးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဌေးသည်  သင်တန်းသား/သင်တန်းသူများအား  မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများ အကြောင်း ဟောပြောခဲ့ပါသည်။ သင်တန်းသား /ကျောင်းသူ  ၃၅ ဦး တက်ရောက်ခဲ့ပြီး တိုင်းရင်းဆေးများ လည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မာန်အောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမြင့်ဦး ဦးဆောင်ပါဝင်သောအဖွဲ့သည်  (၈-၁၀- ၂၀၂၃ )  ရက်နေ့တွင်မာန်အောင်မြို့နယ်  ဘဲအင်းအုပ်စု ခုံရွာကျေးရွာမူလွန်ကျောင်း၌ လူကြီးကျား  (၁၀) ဦး    လူကြီးမ (၃၅) ဦး၊ ကလေးကျား  (၄)  ဦး၊   ကလေးမ (၆)  ဦး  စုစုပေါင်း (၅၅) ဦးတို့အား ကွင်းဆင်းဆေးကုသခဲ့ပြီး ကျေးလက်နေပြည်သူ    ၅၅   ဦးတို့အား ကျန်းမာရေး ပညာပေး ဟောပြောမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ (၈.၁၀.၂၀၂၃) ရက်၊ တနင်္ဂ‌နွေနေ့တွင် ဆေးရုံအုပ် ဒေါ်ဇာနည်စိုးဦးဆောင်၍ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စိုးမြတ်စန္ဒာနှင့် အဖွဲ့ဝင်(၅)ဦး လိုက်ပါလျက် ပုသိမ်မြို့နယ်၊  ရွှေမြင်တင်ကျေးရွာရှိ ရွှေမြင်တင်ဘုန်းကြီးကျောင်းတိုက်နှင့် ရွှေမြင်တင် ဘိုးဘွားရိပ်သာ၌ အခမဲ့ ကွင်းဆင်း ဆေးကုသခဲ့ရာ ကျား(၁၅)ဦး၊ မ(၈၅)ဦး ၊ စုစုပေါင်း လူနာ (၁၀၀)ဦးတို့အား အခမဲ့ ဆေးကုသပေးခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးစိုးလင်းသည် ၇-၁၀-၂၀၂၃ ရက်နေ့၌ မိုးကုတ်ရိပ်သာ၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား ၁၄ ဦး  မ ၃၇ ဦး  စုစုပေါင်းလူနာ ၅၁ ဦး အား ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ