the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦး ဦးဆောင်ပြီး အကြီးတန်းစာရေးဒေါ်ခင်မေသက်တို့အဖွဲ့သည် ၁၂.၁၀.၂၀၂၃ ရက်၊ ကြာသပတေးနေ့၊နံနက်၉နာရီမှ ၁၁နာရီအထိကျောက်ပန်းတောင်းမြို့ရှိ ဈေးကွက်သစ်ရပ်ကွက်မူလတန်းကျောင်းတွင်  တုတ်ကွေး ရောဂါအကြောင်း  ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ခြင်း ၆၀ ဦးနှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်း  အမျိုးသားလူနာ ကျားလူကြီး ၃ ဦး မလူကြီး ၁၁ ဦး  ကျားကလေး ၆ ဦး၊ မကလေး ၄ ဦး စုစုပေါင်း ၂၄ ဦးတို့ အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသတိုင်းဒေသကြီး ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပဲခူးတိုင်းဒေသတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၏လမ်းညွှန်မှူဖြင့် (၁၂.၁၀.၂၀၂၃) ရက်နေ့တွင် ရွှေကျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးသူသူဝင်းသည် မြို့နယ်ပြန်ဆက် ဦးစီးဌာနတွင် မျက်စိနာရောဂါအကြောင်းကျန်းမာရေးအသိပညာပေး talk show ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းအေး ဦးဆောင်၍ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်ရီရီလှ၊    တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်ကျော် ၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မိတင်တင်ဦး၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း တို့ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် (၁၂.၁ဝ.၂၀၂၃)ရက်(​ကြာသပတေးနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ကျောက်ချောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ နံနက်(၁၀)နာရီမှ ညနေ(၃)နာရီအထိ၊  မိုးရာသီ၌ဖြစ်တတ်သော ရောဂါများနှင့်တစ်ကိုယ်ရေးသန့်ရှင်းရေးအကြောင်း ခေါင်းစဥ်ဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောရာ တက်ရောက်သူဦးရေ (၂၄၅)ဦးခန့်ရှိပြီး   လူနာကျား (၁၆၀)ဦး၊ မ (၅၅)ဦး၊စုစုပေါင်း (၂၁၅)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး ပဲနွယ်ကုန်းမြို့တိုင်းရင်းဆေးကုဌာနမှ ၁၂.၁၀.၂၀၂၃ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်အမာကြည်နှင့်ဆေးခန်းအကူ မအိမ့်ကြည်ဖြူတို့သည် ပဲနွယ်ကုန်းမြို့တတ်သင်အလယ်တန်း(ခွဲ)ကျောင်း၌ ကျောင်းကျန်းမာရေး ကွင်းဆင်းခြင်းတွင် မျက်စိနာရခြင်းအကြောင်းရင်းနှင့်ဆောင်ရန်ရှောင်ရန်များကို ကျောင်းသား/ကျောင်းသူ ၁၇၈ ဦး တို့အားပညာပေးဟောပြောခဲ့ပြီး ကျား၃၅ဦး နှင့်မ၄၇ဦးတို့အား တိုင်းရင်းဆေးဖြင့်ဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း