မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦး ဦးဆောင်ပြီး အကြီးတန်းစာရေးဒေါ်ခင်မေသက်တို့အဖွဲ့သည် ၁၂.၁၀.၂၀၂၃ ရက်၊ ကြာသပတေးနေ့၊နံနက်၉နာရီမှ ၁၁နာရီအထိကျောက်ပန်းတောင်းမြို့ရှိ ဈေးကွက်သစ်ရပ်ကွက်မူလတန်းကျောင်းတွင် တုတ်ကွေး ရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ခြင်း ၆၀ ဦးနှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်း အမျိုးသားလူနာ ကျားလူကြီး ၃ ဦး မလူကြီး ၁၁ ဦး ကျားကလေး ၆ ဦး၊ မကလေး ၄ ဦး စုစုပေါင်း ၂၄ ဦးတို့ အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။