the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရှမ်းပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ လွိုင်လင်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူးနှင့် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူးများ ပါဝင်သောအဖွဲ့တို့သည် ၁၀-၁၀-၂၀၂၃ ရက်နေ့နံနက် (၉)နာရီတွင်စတင်၍ လွိုင်လင်မြို့၊ ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် တိုင်းရင်းဆေးပညာဖြင့် လူနာ ကျား(၁၄)ဦး၊ မ(၂၇) ဦး၊ ကလေးမ(၁)ဦး စုစုပေါင်း (၄၂)  ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်း  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး တိုင်းရင်း​ဆေးပညာဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပြည်မြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး​ ဒေါ်​အေး​အေးချစ်သည်​ခေတ္တရာဘိုးဘွားရိပ်သာ၌ ကွင်းဆင်း​ဆေးကုသရာကျား( ၆) ဦး မ ( ၁၅)ဦးစုစု​ပေါင်းဘိုးဘွား(၂၁)ဦးအား​ဆေးကုသမှု​ ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ ကြို့ပင်​ကောက်မြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ဦးသက်လုံဦးသည် ၉-၁၀-၂၀၂၃ ရက်​နေ့တွင် ပြန်ကြား​ရေး ဝန်ကြီးဌာန ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်ပူး​ပေါင်း၍ ဆီးချို​ရောဂါအ​ကြောင်းသိ​ကောင်းစရာအသိပညာ​ပေး (Talk Show)​ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် စစ်တွေခရိုင် မြောက်ဦးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၉-၁၀-၂၀၂၃ ရက်နေ့တွင် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူခြင်း ဆင့်ပွားသင်တန်းတွင် စစ်တွေခရိုင် မြောက်ဦးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဌေးသည်  သင်တန်းသား/သင်သူများအား  မိုးရာသီတွင် ဖြစ်ပွား တက်သောရောဂါများအကြောင်း ဟောပြောခဲ့ပြီး သင်တန်းသား/သင်တန်းသူ  ၃၅ ဦးတက်ရောက်ခဲ့ပါကြောင်းနှင့် တိုင်းရင်းဆေးများလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်