ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁ဝ.၁၀.၂၀၂၃) ရက်နေ့တွင် မှော်စက်ရပ်ကွက်၊ အမက(၁ဝ)၌ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်မှ မိုးရာသီတွင် ဖြစ်ပွားသော ရောဂါများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းအသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ကို တိုင်းရင်းဆေးဖြင့် ကျောင်းကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ရာတွင် လူကြီး( မ ) - ၄ ဦး၊ ကလေး(ကျား) - ၃ဝ ဦး ၊ကလေး( မ ) - ၃၉ ဦး ၊ စုစုပေါင်း - ၇၃ ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင် လိုအပ်သည်များကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်၊ မှော်စက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းစိုးတို့မှ ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးဦးဆောင်သောအဖွဲ့သည် ၁၀.၁၀.၂၀၂၃ ရက်နေ့ နံနက် ၁၀း၀၀နာရီမှ နေ့လည် ၂း၀၀နာရီအချိန်အထိ ဆင်ကန်ရပ်ကွက်အလယ်တန်းကျောင်း၌ ကျောင်းသား /ကျောင်းသူ(၈၀)ဦးအား မျက်စိနာခြင်း/ မျက်ရည်ပူကျခြင်း/ မျက်ဝတ်ထွက်ခြင်း ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပြီး ဆေးကုသရာတွင် လူကြီးကျား(၁၇)ဦး လူကြီးမ(၃၄)ဦး စုစုပေါင်း(၅၁)ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့်အခမဲ့ကွင်းဆင်းဆေးကုသမှူပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ရေတာရှည်မြို့ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ၁၀-၁၀-၂၀၂၃ ရက်နေ့ နေ့ လယ် ၁၂ နာရီအချိန်တွင် ရေတာရှည်မြို့ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒေါ်ခင်စန်းလှိူင် ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးဆွေ လက်ထောက်တိုင်းရင်းဆေးမှုးနှင့် မြိုနယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်မေနှင်း ဒုတိယတိုင်းရင်းဆေးမှူးတို့ ပူးပေါင်း၍ ရေတာရှည်မြို့ ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ ဒေါ်ခင်မျိုးဆွေ လက်ထောက်တိုင်းရင်းဆေးမှူးက အဘိုးအဘွားနှင့်ဝန်ထမ်း ၃၇ ဦး အား သတိပြုရန် မှန် လေးမှန် အကြောင်း ဟောပြောခဲ့ပြီး အဘိုး အဘွား နှင့် ဝန်ထမ်း ကျား ၁၅ ဦး၊ မ ၁၅ ဦး၊ ပေါင်း ၃၀ ဦး အား ကျန်းမာရေး စောင့်ရှောက်မူ ပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပြည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၉.၁၀.၂၀၂၃)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်အေးအေးချစ်သည်ခေတ္တရာဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသရာကျား(၆) ဦး၊ မ(၁၅)ဦး စုစုပေါင်း ဘိုးဘွား(၂၁)ဦးအားဆေးကုသမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။