ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၆.၁၀.၂ဝ၂၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်:ဆေးပညာဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းရီသည် ပေါက်ခေါင်း မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့များနှင့်ပူးပေါင်း၍ ဆည်းဆာ ရိပ်ငြိမ် ဘိုးဘွားရိပ်သာ၌ သွားရောက်ပြီးဘိုးဘွားများအားဆေးကုသမှုဆောင်ရွက်ခဲ့ရာကျား(၃) ဦး မ (၁၇)ဦး စုစုပေါင်း ( ၂၀)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒေါ်စံသွယ်နှင့်အဖွဲ့သည် ၆-၁၀-၂၀၂၃ ရက်နေ့တွင် ကုသရေးဦးစီးဌာန ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့်ပူးပေါင်:၍ ရေနံချောင်းမြို့ ဆုံတိုက် ရပ်ကွက်ရှိ အ.ထ.က.လည်ပေါ်ကျောင်း၌ ကျောင်းသူ/ကျောင်းသား (၅၇၀)ဦးအား ကျောင်းကျန်းမာရေး စစ်ဆေး ပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ရေချိုးခေါင်းလျှော်ခြင်းနည်းစဥ်များအကြောင်းပညာပေး ဟောပြောခဲ့ပြီး (၅၂)ဦးအား တိုင်းရင်းဆေးများဖြင့်အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် Talk Show ဆောင်ရွက်ခြင်း
Tue , Oct 10 2023 - 08 amမွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် တိုင်းရင်းဆေးနှင့် တုပ်ကွေးရောဂါကုသနည်းအကြောင်း (Talk Show) အစီအစဉ်ကို ၆-၁၀-၂၀၂၃ ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့်နှင့်အဖွဲ့သည် ၅.၁၀.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဌာန.၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သဖန်းကုန်းအ.မ.က မူလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ တကိုယ်ရေသန့်ရှင်းရေးနှင့်မိုး ရာသီတွင် အဖြစ်များသောရောဂါများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး (၃၈)ဦးအား တိုင်းရင်းဆေးဖြင့် အခမဲ့ ဆေးကုသပေးခဲ့ကြောင်းသိရသည်။