the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ  မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စံသွယ်ဦးဆောင်သောအဖွဲ့နှင့် ကုသရေးဦးစီးဌာန ကျောင်းကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ ၄-၁၀-၂၀၂၃ ရက်နေ့တွင် ရေနံချောင်း​မြို့ ​​​ရေခဲစက်ရပ်ကွက်ရှိ အထကခွဲဲဝက်ချုပ်​ကျောင်း၌ ကျောင်းသူ/ ကျောင်းသား ၅၉၄ ဦးအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ၂၃၆ ဦးအား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းနှင့် ရေချိုးခေါင်းလျှော်ခြင်းနည်းစဥ်များအကြောင်း ပညာပေးဟောပြောခဲ့ပြီး ၄၇ ဦးအား တိုင်းရင်းဆေးများဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြာင်းသိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး (၁၆) ခုတင်ဆံ တိုင်းရင်းဆေးရုံ ပေါင်းတည်မြို့မှ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ၃-၁၀-၂၀၂၃ ရက်နေ့တွင် (၁၆) ခုတင်ဆံတို င်းရင်းဆေးရုံပေါင်းတည်မြို့မှ ဒုတိယဆေးရုံအုပ် ဒေါ်လွင်လွင်အေးနှင့် အကြီးတန်းစာရေး ဒေါ်ပိုးပိုးပွင့်ဖြူတို့သည် ပေါင်းတည်ဘိုးဘွားရိပ်သာ၌ အခမဲ့ ကွင်းဆင်းဆေးကုသဆောင်ရွက်ရာ လူနာ မ (၂၀)ဦးအားဆေးကုသဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက်  ဦးဆောင်သောအဖွဲ့သည် ၂-၁၀-၂၀၂၃ ရက်နေ့ဘုရားကြီး အောင်ဓမ္မရိပ်သာ၌ တရားစခန်းဝင် ယောဂီများကို တိုင်းရင်းဆေးဖြင့်အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ကွင်းဆင်းဆေး ကုသပေးခဲ့သော လူနာဦးရေ မှာ လူကြီး ကျား (၁၅)ဦး၊ မ (၃၀) ဦး စုစုပေါင်း (၄၅)ဦးကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများသည် (၂-၁၀-၂၀၂၃)ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပုသိမ်ကွင်း အ.လ.က ကျောင်း၌ သွားရောက်ကာ ကျောင်းကျန်းမာရေး ဟောပြောဦးရေ (၁၀၀)နှင့် ကျောင်းသူကျောင်းသား (၃၂)ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်