the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(လက်ခုပ်ကုန်း) တို့ပူးပေါင်း ကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ၄-၁၀-၂၀၂၃ ရက်နေ့တွင် အဆိုပါ အထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ရာ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိူင်မှ တိုင်းရင်းဆေးပညာဖြင့် ရသာ(၆)ပါး အကျိုးသွား ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသားကျောင်းသူ (၄၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် လူနာ ကျား(၅)ဦး မ(၁၆)ဦး စုစုပေါင်း (၂၁)ဦးတို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

မိတ္ထီလာခရိုင် ပျော်ဘွယ်မြို့ မြို့နယ်တိုင်ရင်းဆေးကုဌာနနှင့်မြို့ နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ၃.၁၀.၂၀၂၃ ရက်နေ့တွင် ရာသီတုပ်ကွေးရောဂါအား  မီးဖိုချောင်သုံးပစ္စည်းများ ဖြစ်သောဂျင်း၊ နနွင်း မကျည်းသီးတို့ဖြင့် ကာကွယ်ကုသခြင်းခေါင်းစဉ်ဖြင့် ​​ပြည်သူသို့အသိပညာပေးခြင်း Talk Show အစီအစဉ်ရိုက်ကူးထုတ်လွှင့်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင်​ရွှေ​တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် (၄.၁၀.၂၀၂၃)ရက်နေ့တွင် ပြည်ခရိုင်​ရွှေ​တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်​ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်နှင့် ​ဆေးခန်းအကူ ဦး​မောင်​မောင်ဦး တို့သည် ​ရွှေ​တောင်မြို့နယ် ပြည်သူ့ဆက်ဆံ​ရေးနှင့်ပြန်ကြား​ရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူး​ပေါင်း၍​ရွှေ​တောင်မြို့ကြာနီကန်ရပ်ကွက်ရှိ (အမကဖိုး​ခေါင်)ကျောင်းသို့ သွားရောက်ကာ အာဟာရကျန်းမာ​ရေးအ​ကြောင်း ​ကျောင်းသား/​ကျောင်းသူ  (၁၃၂)ဦးအားအသိပညာ​ပေး​ဟော​ပြောပြီး ကျား(၆၀)ဦး၊ မ(၇၂)ဦး၊ စုစု​ပေါင်း(၁၃၂)ဦးတို့အား တိုင်းရင်း​ဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည် ။ထို့နောက်ဆက်လက်ပြီး(အမကကူကြီး)​ကျောင်းတွင် ကျောင်းသား​/ကျောင်းသူ ၁၂၈ ဦးအား မျက်စိနာ​ရောဂါအ​ကြောင်းအသိပညာ​ပေး​ဟော​ပြောပြီး ကျား(၆၀)ဦး မ(၆၈)ဦးစုစု​ပေါင်း(၁၂၈)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ ဒုတိယဆေးရုံအုပ် ဒေါ်ယဥ်ယဥ်မြင့် ဦးဆောင်ပြီး ဒုတိယတိုင်ရင်းဆေးမှူးများဖြစ်သော ဒေါ်မေသွေးကို နှင့် ဒေါ်မိခင်ယမင်းဟန်၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း တို့ပါဝင်သောအဖွဲ့သည် (၄.၁၀.၂၀၂၃) ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ နံနက်(၉)နာရီမှ ညနေ(၃)နာရီထိ ကွင်းဆင်းဆေးကုသမှု   ဆောင်ရွက်ပေးခဲ့ရာ လူနာကျား (၂၀)ဦး မ (၁၀)ဦး စုစုပေါင်း (၃၀)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း