ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(လက်ခုပ်ကုန်း) တို့ပူးပေါင်း ကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ၄-၁၀-၂၀၂၃ ရက်နေ့တွင် အဆိုပါ အထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ရာ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိူင်မှ တိုင်းရင်းဆေးပညာဖြင့် ရသာ(၆)ပါး အကျိုးသွား ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသားကျောင်းသူ (၄၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် လူနာ ကျား(၅)ဦး မ(၁၆)ဦး စုစုပေါင်း (၂၁)ဦးတို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။