the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင် ​ရွှေ​တောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၅.၁၀.၂၀၂၃)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ​ရွှေ​တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်​ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်သည် ​ရွှေ​တောင်မြို့နယ် ပြည်သူ့ဆက်ဆံ​ရေးနှင့်ပြန်ကြား​ရေးဦးစီးဌာန,စားသုံးသူ​ရေးရာဦးစီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူး​ပေါင်း၍ ​ရွှေ​တောင်မြို့ကြာနီကန်ရပ်ကွက်ရှိ (အမကယောဒေါင့်)ကျောင်းသို့ သွားရောက်ကာ တိုင်းရင်းဆေးဝါးသုံးစွဲသူများသိကောင်းစရာအ​ကြောင်း​ကို ကျောင်းသား/​ကျောင်းသူ(၅၂)ဦးအားအသိပညာ​ပေး​ဟော​ပြောခဲ့ပါသည်။ ထို့​နောက် (အမကလှိုင်မြရှင်)​ကျောင်းတွင် ​ကျောင်းသား​/ကျောင်းသူ(၅၈)ဦးအား အဆုတ်ရောင်ရောဂါအ​ကြောင်းအသိပညာ​ပေး​ဟော​ပြောခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများသည် ၅-၁၀-၂၀၂၃ ရက်နေ့တွင် သဲဖြူကုန်း အ.လ.ကကျောင်း၌ ပြန်ကြားရေးနှငိ့ပြည်သူ့ဆက်ဆံရေးရေးဌာနတို့နှင့်ပူးပေါင်း၍ သွားရောက်ကာ ကျောင်းကျန်းမာရေးဟောပြောဆောင်ရွက်ရာတွင် လူဦးရေ (၂၅၀) ဦးနှင့် ကျောင်းသူ ကျောင်းသားဦးရေ ကျား ၁၅ ဦးနှင့် မ ၂၁ဦး စုစု​ပေါင်း ကျောင်းသူ/ကျောင်းသား (၃၆)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ပါကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများသည် ၃-၁၀-၂၀၂၃ ရက်နေ့တွင် ကော့ကရင် အ.ထ.က ကျောင်း၌ ပြန်ကြားရေးနှငိ့ပြည်သူ့ဆက်ဆံရေး​ရေးဌာနတို့နှင့်ပူးပေါင်း၍ သွားရောက်ကာ ကျောင်းကျန်းမာရေးဟော​ပြောဆောင်ရွက်ရာတွင် လူဦးရေ (၁၉၀) ဦးနှင့် ကျောင်းသူ/ကျောင်းသား (၃၈)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပါကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(လက်ခုပ်ကုန်း) တို့ပူးပေါင်း ကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ၄-၁၀-၂၀၂၃ ရက်နေ့တွင် အဆိုပါ အထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ရာ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိူင်မှ တိုင်းရင်းဆေးပညာဖြင့် ရသာ(၆)ပါး အကျိုးသွား ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသားကျောင်းသူ (၄၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် လူနာ ကျား(၅)ဦး မ(၁၆)ဦး စုစုပေါင်း (၂၁)ဦးတို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ