မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုးသန္တာ၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ညိုယဥ်နွဲ့၊ ဆေးခန်းအကူ ဦးအေးမင်းဝင်းတို့အဖွဲ့သည် ၂၉.၉.၂၀၂၃ရက်နေ့တွင် နတ်မောက်မြို့နယ်၊ မြို့မကျောင်းတိုက်၌ တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား(၁၃)ဦး၊ မ(၂၉)ဦး စုစုပေါင်းလူနာ(၄၂)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တိုင်း ရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ထားဝယ်မြို့ရှိ ရတနာမာရ်အောင်သီလရှင်စာသင်တိုက်၌ (၂၅.၉.၂၀၂၃)ရက်နေ့တွင် သီလရှင်စုစုပေါင်း(၂၅)ဦးအား တိုင်းရင်းဆေးဖြင့် အခမဲ့ကုသိုလ်ပြု ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့ တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ပါဝင်သောအဖွဲ့သည် ၂၄-၉-၂၀၂၃ ရက်နေ့တွင် ကျောက်ဖြူမြို့ရှိ ရခိုင်ပိုက်ဆိပ်ရပ်ကွက်၌ ကျာလူကြီး(၂)ဦး၊ မလူကြီး(၅)ဦး၊ ကျားကလေး(၇၇)ဦးနှင့် မကလေး(၉၅)ဦး၊ စုစုပေါင်း (၁၇၉)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ပြည်သူလူထု(၁၇၉)ဦးတို့အား ကျန်းမာရေး အသိပညာပေး ဟောပြောမှု ပြုလုပ်ခဲ့ပါကြောင်း သိရသည်။
ကချင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ဝိုင်းမော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၂-၉-၂၀၂၃)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ကေသီအောင်သည် နောင်တာလောကျေးရွာ၌ ကျန်းမာရေးအသိပညာပေး ဟောပြောရာတွင် လူဦးရေ (၁၅၀)ဦးအား ပညာပေးဟောပြောခဲ့ပြီး တိုင်းရင်းဆေးဖြင့် ဆေးကုသရာတွင် လူကြီးကျား(၃၀)ဦး လူကြီးမ(၇၀)ဦးအားကွင်းဆင်းဆေးကုသပေခဲ့ကြောင်း သိရသည်။