တိုင်းရင်းဆေးပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှုး ဒေါ်ညိုညိုသန့်နှင့် ဆေးခန်းအကူ ဒေါ်ခင်ခင်ဝင်းရီတို့သည် ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ ၌ (၂၀.၉.၂၀၂၃)ရက်နေ့တွင် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၂၃)ဦး မ (၃၁)ဦး စုစုပေါင်း (၅၄) ဦး တို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်ကျောက်တန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင်နှင့် လ/ထတိုင်းရင်းဆေးမှူးဒေါ် အေးမြတ်စိုးဦးဆောင်သောကွင်းဆင်းအဖွဲ့သည် ၂၀.၉.၂၀၂၃ရက်နေ့ နံနက်၁၀း၀၀နာရီမှနေ့လယ်၂း၀၀နာရီအချိန်ထိ မြို့မရပ်ကွက်အလယ်တန်း ကျောင်း၌ ကျောင်းသား/ ကျောင်းသူ(၇၇)ဦးအား အအေးမိနှာစေးချောင်းဆိုးရောဂါအကြောင်း မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်သူဇာလွင်မှ ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး ဆေးကုသရာတွင် လူကြီးကျား(၉)ဦး၊ လူကြီးမ(၁၁)ဦး၊ ကလေးကျား(၃၄)ဦး၊ ကလေးမ(၃၈)ဦး၊ပေါင်း(၉၂)ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်းဆေး ကုသမှုပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၈-၉-၂၀၂၃)ရက်နေ့တွင် ညောင်ကုန်းကျေးရွာအမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ ကွင်းဆင်းဆေးကုသရာတွင်ကျား(၉)ဦး မ(၁၄)ဦး စုစုပေါင်းလူနာ (၂၃)ဦးအား ကွင်းဆင်းကုသမှုပေးခဲ့ပြီး နာတာရှည်ရောဂါများအကြောင်းသိကောင်းစရာ နှင့်နေထိုင်စားသောက်ပုံ(ဆောင်ရန်/ရှောင်ရန်)တို့ကို သင်တန်းသူ(၅၈)ဦးအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောခြင်း
Thu , Sep 21 2023 - 07 amဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာနမှ ၂၀.၉.၂၀၂၃ ရက်နေ့တွင် ခရိုင်တိုင်းရင်းဆေးမှူးဒေါ်ဇင်ဝင်းမာသည် ဖျာပုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံး၌ ဖွင့်လှစ်သည့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC)(၁/၂၀၂၃)တွင် တက်ရောက်လျက်ရှိသော သင်တန်းသား/သင်တန်းသူ(၃၀)ဦးတို့အား သဘာဝဘေးကြုံတွေ့ရချိန်တွင် ဖြစ်တတ်သောရောဂါများနှင့်အသုံးပြုသင့်သောဆေးဘက်ဝင်အပင်များအကြောင်းအား ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။