တိုင်းရင်းဆေးပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှုး ဒေါ်ညိုညိုသန့်နှင့် ဆေးခန်းအကူ ဒေါ်ခင်ခင်ဝင်းရီတို့သည် ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ ၌ (၂၀.၉.၂၀၂၃)ရက်နေ့တွင် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၂၃)ဦး မ (၃၁)ဦး စုစုပေါင်း (၅၄) ဦး တို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။