ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စောကလျာမျိုး သည်(၂၂-၉-၂၀၂၃)ရက် နံနက်၁၁နာရီတွင် တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်၌ ကွင်းဆင်းဆေးကုသခြင်းနှင့် သွေးတိုးအကြောင်းဟောပြောခဲ့ရာကျား-၁၀ဦး၊ မ-မ ၁၅ ဦး အား ဆေးကုပေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ ဒုတိယဆေးရုံအုပ် ဒေါ်ယဥ်ယဥ်မြင့် ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်ကျော်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မိတင်တင်ဦး၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း၊ ရုံးအကူ ဒေါ်စီစီမြင့် တို့ပါဝင်သောကွင်းဆင်းဆေးကုသရေးအဖွဲ့သည် (၂၂.၉.၂၀၂၃)ရက် (သောကြာနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း၌ နံနက်(၉)နာရီမှ နေ့လယ်(၃)နာရီအထိ၊ မီးယပ်ဖြူဆင်းရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များနှင့် ဝိသမအဖျားပျောက်ဆေးအကြောင်းသိကောင်းစရာ အကြောင်းတို့ကို ကျန်းမာရေးအသိပညာ ပေးဟောပြောရာ ဟောပြောပွဲတက်ရောက်သူ (၁၅၀)ဦးရှိပြီး လူနာ-မ (၁၄၂)ဦးတို့အား အခမဲ့ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ၂၃-၉-၂၀၂၃ ရက်နေ့တွင် ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်တင်တင်ဝေ၊ ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သန်းနိုင်အေး၊ မကွေးမြို့နယ် တိုင်းရင်းဆေးမှူး ဦးဇေယျာမင်းအောင်တို့အဖွဲ့သည် မကွေးမြို့နယ်ပညာစက္ကာရာမကျောင်းတိုက်ရှိ သံဃာတော်၅ပါး၊ ဥပုသ်သီလဆောက်တည်သူ၄၀ဦး၊ စုစုပေါင်း(၄၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် သံတွဲခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်ဦးစီးဌာနမှူးဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ၂၂-၉-၂၀၂၃ ရက်နေ့တွင် သံတွဲမြို့နယ် မေတာဝတီဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား ၁၅ ဦး မ၃၂ ဦး စုစုပေါင်း၄၇ ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။