the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်ကျောက်တန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင်နှင့် လ/ထတိုင်းရင်းဆေးမှူးဒေါ် အေးမြတ်စိုးဦးဆောင်သောကွင်းဆင်းအဖွဲ့သည် ၂၀.၉.၂၀၂၃ရက်နေ့ နံနက်၁၀း၀၀နာရီမှနေ့လယ်၂း၀၀နာရီအချိန်ထိ မြို့မရပ်ကွက်အလယ်တန်း ကျောင်း၌ ကျောင်းသား/ ကျောင်းသူ(၇၇)ဦးအား အအေးမိနှာစေးချောင်းဆိုးရောဂါအ‌ကြောင်း မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်သူဇာလွင်မှ ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး ဆေးကုသရာတွင် လူကြီးကျား(၉)ဦး၊ လူကြီးမ(၁၁)ဦး၊ ကလေးကျား(၃၄)ဦး၊ ကလေးမ(၃၈)ဦး၊ပေါင်း(၉၂)ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်းဆေး ကုသမှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

‌ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၈-၉-၂၀၂၃)ရက်နေ့တွင် ညောင်ကုန်းကျေးရွာအမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ ကွင်းဆင်းဆေးကုသရာတွင်ကျား(၉)ဦး မ(၁၄)ဦး စုစုပေါင်းလူနာ (၂၃)ဦးအား ကွင်းဆင်းကုသ‌မှုပေးခဲ့ပြီး နာတာရှည်ရောဂါများအကြောင်းသိကောင်းစရာ နှင့်နေထိုင်စားသောက်ပုံ(ဆောင်ရန်/ရှောင်ရန်)တို့ကို သင်တန်းသူ(၅၈)ဦးအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင် တိုင်းရင်း​ဆေးကုဌာနမှ ၂၀.၉.၂၀၂၃ ရက်​နေ့တွင် ခရိုင်တိုင်းရင်း​ဆေးမှူး​ဒေါ်ဇင်ဝင်းမာသည် ဖျာပုံခရိုင်​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံး၌  ဖွင့်လှစ်သည့်​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အ​ခြေခံသင်တန်း(BDMC)(၁/၂၀၂၃)တွင် တက်​ရောက်လျက်ရှိ​သော သင်တန်းသား/သင်တန်းသူ(၃၀)ဦးတို့အား သဘာဝ​ဘေးကြုံ​တွေ့ရချိန်တွင် ဖြစ်တတ်​သော​ရောဂါများနှင့်အသုံးပြုသင့်​သော​ဆေးဘက်ဝင်အပင်များအ​ကြောင်းအား ပညာ​ပေး​ဟော​ပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်း​ဒေသကြီး၊ ​(၁၆)ခုတင်ဆံ့တိုင်းရင်း​ဆေးရုံ၊ ​မော်လမြိုင်ကျွန်းမြို့မှ ၂၀-၉-၂၀၂၃ ရက်​နေ့တွင် ချမ်း​မြေ့ ဘိုးဘွားရိပ်သာ၌ ကွင်းဆင်း​ဆေးကုသရာ လူနာ ကျား(၅)ဦး၊ မ(၈)ဦး၊ စုစု​​ပေါင်းလူနာ(၁၃)ဦးအား ​တိုင်းရင်းဆေးဖြင့် ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်