ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ ဒုတိယဆေးရုံအုပ် ဒေါ်ယဥ်ယဥ်မြင့် ဦးဆောင်၍ တိုင်းရင်းဆေးမှူး ဒေါ်ခင်မြတ်ကျော်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မိတင်တင်ဦး၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း၊ ရုံးအကူ ဒေါ်စီစီမြင့် တို့ပါဝင်သောကွင်းဆင်းဆေးကုသရေးအဖွဲ့သည် (၂၂.၉.၂၀၂၃)ရက် (သောကြာနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း၌ နံနက်(၉)နာရီမှ နေ့လယ်(၃)နာရီအထိ၊ မီးယပ်ဖြူဆင်းရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များနှင့် ဝိသမအဖျားပျောက်ဆေးအကြောင်းသိကောင်းစရာ အကြောင်းတို့ကို ကျန်းမာရေးအသိပညာ ပေးဟောပြောရာ ဟောပြောပွဲတက်ရောက်သူ (၁၅၀)ဦးရှိပြီး လူနာ-မ (၁၄၂)ဦးတို့အား အခမဲ့ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။