မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၉-၉-၂၀၂ ၃ရက်နေ့တွင် ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါဖြိုးအိအိဇာ ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့ ဘိုးဘွားရိပ်သာ၌ အခမဲ့ကွင်းဆင်းဆေးကုသမှု ပေးခဲ့ရာ ဘိုးဘွား(၂၅)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၁၉-၉-၂၀၂၃ ရက်နေ့တွင် ပြည်ခရိုင် ပန်းတောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ခင်လှတိုးသည် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ သွေးတိုးရောဂါအကြောင်းကို အသိပညာပေးTALK SHOW ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ၁၉-၉-၂၀၂၃ ရက်နေ့တွင် ပေါင်းတည်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်လွင်လွင်အေးနှင့် အငယ်တန်းစာရေး ဦးကျော်လင်းစိုးတို့သည် ပေါင်းတည်ဘိုးဘွားရိပ်သာ၌ အခမဲ့ကွင်းဆင်းဆေးကုသ ဆောင်ရွက်ခဲ့ပြီး လူနာမ ၂၀ ဦးအား တိုင်းရင်းဆေးဖြင့်ဆေးကုသဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံပြည်မြို့မှ လက်ထောက် တိုင်းရင်းဆေးမှုး ဒေါ်ဇာလီဝင်းနှင့် အငယ်တန်းစာရေး ဒေါ်ဝေမာလွင်သန်းတို့သည် ၁၈.၉ .၂၀၂၃ရက်နေ့တွင် မြသိင်္ဂီကြံခင်းပရဟိတကျောင်းပြည်မြို့၌ ကွင်းဆင်းဆေးကုသမှု ပြုလုပ်ခဲ့ပါသည်၊၊ လူနာဦးရေမှာကျား(၂၂)ဦး၊ မ(၃၅)ဦး၊ စုစုပေါင်း(၅၇)ဦး ကုသပေးခဲ့ပြီး ကလေးငယ်များအား တကိုယ်ရေးသန့်ရှင်းရေးနှင့်ပတ်သက်၍ ပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။