the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ဧရာဝတီတိုင်း​ဒေသကြီး၊ ​(၁၆)ခုတင်ဆံ့တိုင်းရင်း​ဆေးရုံ၊ ​မော်လမြိုင်ကျွန်းမြို့မှ ၂၀-၉-၂၀၂၃ ရက်​နေ့တွင် ချမ်း​မြေ့ ဘိုးဘွားရိပ်သာ၌ ကွင်းဆင်း​ဆေးကုသရာ လူနာ ကျား(၅)ဦး၊ မ(၈)ဦး၊ စုစု​​ပေါင်းလူနာ(၁၃)ဦးအား ​တိုင်းရင်းဆေးဖြင့် ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ခုတင်( ၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ မန္တလေးမှ ၉-၉-၂၀၂၃ ရက်နေ့တွင် ဒုတိယ‌ဆေးရုံအုပ် ဒေါ်သိန်းထိုက်နှင့် အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်စောယုအောင် ဦးဆောင်သော ဆရာမများအဖွဲ့သည် မေတ္တာဒေစီကျောင်းသုံးမိုင် ပြင်ဦးလွင်ခရိုင်၌ ကွင်းဆင်းဆေးကုရာတွင် လူနာစုစုပေါင်း(၅၂)ဦးအား တိုင်းရင်းဆေးဖြင့် ဆေးကုသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၉.၉.၂၀၂၃ ရက် အင်္ဂါနေ့ နံနက် ၁၀:၀၀ နာရီမှ နေ့လယ် ၃:၃၀ နာရီအချိန်အထိ တံတားမြို့၊ စင်မကော်ကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား လူဦးရေ(၃၀)ဦးအား ကျန်းမာခြင်း မကျန်းမာခြင်းကိုဖြစ်စေသော အကြောင်းတရားလေးပါး အကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြော၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပြီး အမျိုးသား လူနာ(၁၇)ဦး၊ အမျိုးသမီးလူနာ(၄၈)ဦးနှင့် ကလေးလူနာ(၄)ဦး စုစုပေါင်းလူနာ (၆၉)ဦး တို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒေါ်မူမူခင် ဆေးရုံအုပ် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဝင်းနှင့် ဒေါ်မြင့်မြင့်ကြည်တို့ဦးဆောင်သော အဖွဲ့သည် ယနေ့ ၁၉-၉-၂၀၂၃ ရက်နေ့တွင် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူငယ်ရေးရာ(NGO)အဖွဲ့တို့နှင့်ပူးပေါင်း၍ ရေနံချောင်းမြို့၊ ညောင်လှရပ်ကွက်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းရင်းဆေးပညာဖြင့်ပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ရာတွင် တက်ရောက်သူ (၃၁၂)ဦးရှိပြီး ရုတ်တရက် ထိခိုက်ဒဏ်ရာရရှိပါက လုပ်ဆောင်ရမည့်အချက်များနှင့် အသုံးပြုနိုင်သော ဆေးဖက်ဝင်အပင်များအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး တိုင်းရင်းဆေးဖြင့် ကျား(၃၀)ဦး၊ မ(၃၅)ဦး စုစုပေါင်း (၆၅)ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း