ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိုင်သည် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ၁၆.၉.၂၀၂၃ ရက်နေ့က ကွမ်းခြံကုန်းမြို့နယ်၊ တောချောင်းကျေးရွာအုပ်စု၊ အထက တောချောင်း၌ ပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေးဟောပြာပွဲသို့ တက်ရောက်ခဲ့ပြီး မြို့နယ် တိုင်းရင်းဆေးမှူးမှ ကျောင်းသူ/ကျောင်းသား (၂၀၂)ဦးတို့အား တိုင်းရင်းဆေးပညာအရကျန်းမာစေကြောင်း နည်းလမ်းကောင်းများအကြောင်း အသိပညာပေးခဲ့ပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကျား(လူကြီး)၁၇ဦး ၊မ(လူကြီး)၃၅ဦး စုစုပေါင်း ၅၂ ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေး ရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ပြည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်မှ ဆောင်ရွက်ပြီး အခမ်အနားမှုးအဖြစ် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဝင်းမှ ဆောင်ရွက်ကာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ရွှေတောင်မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်နီလာမြင့်မှ လက်ကပ်ရောဂါ စာတမ်းကို ဖတ်ကြားတင်ပြခဲ့ပြီး အခမ်းအနားသို့ တက်ရောက်သူ ဦးရေမှာ (၁၇)ဦး ရှိပါကြောင်းနှင့် တက်ရောက်သူများ၏ ဆွေးနွေးအကြံပြုချက်များကို အကြီးတန်းစာရေး ဒေါ်ဝေမာထွန်း က မှတ်တမ်းတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၇.၉.၂၀၂၃) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဦးဗိုလ်စံသိန်း ဦးဆောင်သောအဖွဲ့သည် ကျောက်တော်မြို့နယ် ဘုရားပေါင်း ကျေးရွာအုပ်စု ပုဏ္ဏားကျေးရွာစာသင်ကျောင်း၌ ကျားလူကြီး (၂၀)ဦး၊ ကျားကလေး(၁)ဦး၊ မလူကြီး (၅၃)ဦး စုစုပေါင်း(၇၄)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ပြည်သူလူထု (၄၂)ဦးအား ကျန်းမာရေးပညာပေး ဟောပြောမှုပြုလုပ်ခဲ့ပါကြောင်းသိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၇-၉-၂၀၂၃ ရက်နေ့တွင် မြို့နယ် တိုင်းရင်းဆေးမှူး ဦးသိန်းဌေးအောင်သည် ရခိုင်ပြည်နယ် စစ်တွေမြို့ ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုရာ ဘိုးဘွား(ကျား)(၇)ဦး၊ မ(၂၁)ဦး စုစုပေါင်း(၂၈)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။