the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် ဦးဆောင်သောအဖွဲ့သည် ၁၅.၉.၂၀၂၃ ရက်နေ့တွင် ဘုရားကြီးအောင်ဓမ္မရိပ်သာ၌ တရား စခန်းဝင်ယောဂီ လူကြီး ကျား (၇)ဦး၊ မ (၂၂)ဦး စုစုပေါင်း(၂၉)ဦး တို့ကို တိုင်းရင်းဆေးဖြင့်အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံမှ (၁၅.၉.၂၀၂၃) ရက်(​သောကြာနေ့)တွင် ဒုတိယဆေးရုံအုပ် ဒေါ်ယဥ်ယဥ်မြင့် ဦးဆောင်၍ အကြီးတန်း တိုင်းရင်းဆေးမှူး ဒေါ်ရီရီလှ၊ အကြီးတန်းတိုင်းရင်းဆေးမှူး ဦးမြင့်ကျော်ဦး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သဥ္ဇာထွန်း၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ယဥ်မွန်ချို၊ ဒုတိယသူနာပြုအုပ် ဒေါ်သန်းမြင့်၊ အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း၊ ရုံးအကူ ဒေါ်စီစီမြင့် တို့ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အောင်မြေသုခ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၌ တစ်ကိုယ်ရေးသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအကြောင်း  ခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ လူနာကျား (၆၀)ဦး၊ မ(၁၄၁)ဦး ၊စုစုပေါင်း (၂၀၁)ဦးတို့အား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၅-၉-၂၀၂၃ ရက်နေ့တွင် ကုသရေးဦးစီးဌာန ကျောင်းကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဝင်အဖွဲ့နှင့် ရေနံချောင်းမြို့  မြို့မမြောက်ရပ်ကွက်ရှိ အ မက (၆၂) တရုတ်ဘုံကျောင်း၌ ကျောင်းသူကျောင်းသား (၂၅၆)ဦး အား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ (၁၀၂) ဦးအား တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းနှင့် ရေချိုးခေါင်းလျှော်ခြင်း နည်းစဥ်များအကြောင်း ပညာပေးဟောပြောခဲ့ပြီး (၃၂)ဦးအား တိုင်းရင်းဆေးများဖြင့်အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရှမ်းပြည်နယ် ​ တောင်ပိုင်းလွိုင်လင်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်  (၂၅)ခုတင်ဆံ တိုင်းရင်းဆေးရုံမှ ၁၅.၉.၂၀၂၃ ရက်နေ့တွင် နံနက် (၉)နာရီမှ (၁၂)နာရီအထိ လွိုင်လင်မြို့၊ ရပ်ကွက် (၄) အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ လူနာ(၃၀)ဦး တို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ