ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၇-၉-၂၀၂၃ ရက်နေ့တွင် မြို့နယ် တိုင်းရင်းဆေးမှူး ဦးသိန်းဌေးအောင်သည် ရခိုင်ပြည်နယ် စစ်တွေမြို့ ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုရာ ဘိုးဘွား(ကျား)(၇)ဦး၊ မ(၂၁)ဦး စုစုပေါင်း(၂၈)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာနမှ ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာန၊ ကျောက်ဖြူမြို့မှ ၁၇-၉-၂၀၂၃ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ဝင်းရွှေ ဦးဆောင်ပါဝင်သော အဖွဲ့သည် ကျောက်ဖြူမြို့ရှိ ဘိုးဘွားရိပ်သာ၌ ကျားကြီး(၃)ဦး၊ မကြီး(၁၃)ဦး၊ စုစုပေါင်း (၁၆)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ကျန်းမာရေးအသိပညာပေး ဟောပြောမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးသည် (၁၆-၉-၂၀၂၃)ရက်နေ့တွင် တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အ.လ.က (ဘုရားကြီး) မင်္ဂလာပရဟိတကျောင်း၌ ကျင်းပခဲ့ရာတွင် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူးမှ ကျောင်းသူ/ကျောင်းသား (၂၀၀) ဦးတို့အား မိုးရာသီတွင်ဖြစ်တတ်သော ရောဂါများနှင့်တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ကျား(လူကြီး) ၁၃ ဦး၊ မ(လူကြီး) ၃၂ ဦး၊ ကျားကလေး ၁၀ ဦး၊ မကလေး ၁၃ ဦး စုစုပေါင်း ၆၈ ဦးတို့အား ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၁၆-၉-၂၀၂၃ ရက်နေ့တွင် သဲကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးမော်သည် မြန်မာနိုင်ငံအမျိူးသမီးရေးရာအသင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ သီတဂူစာသင်တိုက်ကျောင်းရှိ စာသင်သံဃာတော်အပါး(၈၀)တို့အား နေ့ လယ်၁၁း၀၀ နာရီမှ နေ့လယ် ၂:၃၀ မိနစ်အထိ တိုင်းရင်းဆေးဖြင့် ဆေးဝါးကုသမှူများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။