ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၇-၉-၂၀၂၃ ရက်နေ့တွင် မြို့နယ် တိုင်းရင်းဆေးမှူး ဦးသိန်းဌေးအောင်သည် ရခိုင်ပြည်နယ် စစ်တွေမြို့ ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုရာ ဘိုးဘွား(ကျား)(၇)ဦး၊ မ(၂၁)ဦး စုစုပေါင်း(၂၈)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။