ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၂-၉-၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးမျိုးသူလွင် ဦးဆောင်သောအဖွဲ့သည် အ.မ.က နာဟောင် မိုးနဲမြို့၌ ကျောင်းကျန်းမာရေးဆောင်ရွက်ရာ ကျောင်းသား ၄၁ ဦး ကျောင်းသူ ၅၆ ဦး စုစုပေါင်း ၉၇ ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၁-၉-၂၀၂၃)ရက်နေ့တွင်၊ ခရိုင်ဒုတိုင်းရင်းဆေးမှူး ဒေါ်စုစုဝင်း၊ မြိုနယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်တို့ ဦးဆောင်သောအဖွဲသည် ကျောက်ဆည်မြို့နယ် တောင်လွှဲအမကကျောင်း၌ အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းတွင် လူဦးရေစုစုပေါင်း (၁၂၀)ဦးနှင့် ကျားကလေး(၄၀)ဦး၊ မကလေး(၅၂)ဦး၊ စုစုပေါင်း(၉၂)ဦးတို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခဲ့ပါကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည့် ၁၁-၉-၂၀၂၃ တနင်္လာနေ့ (နံနက် ၁၀ နာရီ မှ နေ့လည် ၁၂နာရီအချိန်အထိ) အလုံမြို့နယ် အ.လ.က(၂) ကျောင်းတွင် ကျောင်းသား/သူ (၁၁၅)ဦးအား ချောင်းဆိုးခြင်း၊ အစာမကြေခြင်းများအကြောင်း ကို အသိပညာပေး ဟောပြော၍ ကျန်းမာရေး အသိပညာပေး လက်ကမ်း စာရွက် များ ဖြန့်ဝေပြီး ကျားကလေး(၂၀)ဦး၊ မ ကလေး(၂၅)ဦး၊ မလူကြီး (၆)ဦး စုစုပေါင်း (၅၂)ဦးတို့ အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းအုပ်ကြီးအား ဆေးကြပ်ထုပ်နှင့် အကြောလိမ်းဆေးဆီတို့ ကို မေတ္တာလက်ဆောင်ပေးအပ်ပြီး တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်း ဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦး ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၀.၉.၂၀၂၃ ရက် တနင်္ဂနွေနေ့ နံနက် ၁၀◌း၀၀ နာရီမှ နေ့လယ် ၁:၃၀နာရီအချိန်အထိ တွံတေးမြို့ စမ်းရွာကျေးရွာ၌ ကျေးရွာသူရွာသားများ လူဦးရေ(၃၃)ဦးအား` တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲသူများ သိကောင်းစရာအချက်များ' အကြောင်းအသိပညာပေးဟောပြော၍ ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကျားလူကြီး(၁၂)ဦး ၊မလူကြီး(၁၈)ဦး၊ ကျားကလေး(၁)ဦး၊မ-ကလေး(၂)ဦး လူနာစုစုပေါင်း(၃၃)ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေး ကုသပေးခဲ့ကြောင်း သိရသည်။