ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦး ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၀.၉.၂၀၂၃ ရက် တနင်္ဂနွေနေ့ နံနက် ၁၀◌း၀၀ နာရီမှ နေ့လယ် ၁:၃၀နာရီအချိန်အထိ တွံတေးမြို့ စမ်းရွာကျေးရွာ၌ ကျေးရွာသူရွာသားများ လူဦးရေ(၃၃)ဦးအား` တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲသူများ သိကောင်းစရာအချက်များ' အကြောင်းအသိပညာပေးဟောပြော၍ ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကျားလူကြီး(၁၂)ဦး ၊မလူကြီး(၁၈)ဦး၊ ကျားကလေး(၁)ဦး၊မ-ကလေး(၂)ဦး လူနာစုစုပေါင်း(၃၃)ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေး ကုသပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၁-၉-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်း ဦးဆောင်သောအဖွဲ့သည် ညောင်ဝန်းမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ(၃၁)ဦးတို့အား ကွင်းဆင်းဆေးကုသခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၀-၉- ၂၀၂၃ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဦးမြင့်ဦးနှင့်ဆေးခန်းအကူတို့သည် မာန်အောင်မြို့နယ် တောထူကျေးရွာ၌ ကျေးရွာပြည်သူ (၅၀)ဦး အား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး ၊လူနာ (လူကြီးကျား- ၁၀ဦး + လူကြီး မ - ၃၀ ဦး + ကလေးကျား -၄ ဦး + ကလေးမ -၆ ဦး) ၊ စုစုပေါင်း (၅၀) ဦး အားကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။