the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တိုင်းရင်း​ဆေးကုဌာနနှင့် (၁၆)ခုတင်ဆံ့တိုင်းရင်း​ဆေးရုံမှ ၁၀-၉-၂၀၂၃ ရက်​နေ့ တွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး​ ဒေါ်ဝင်းဝင်း​အေးသည် ဖြူး(၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံမှ ဒုတိယတိုင်းရင်း​ဆေးမှူး ​​ဒေါ်တင်နွယ်ဝင်း ဒုတိယလက်​ထောက်ကွန်ပျူတာလုပ်​ဆောင်​ရေးမှူး ဦးသန့်ဇင်တို့နှင့်ပူး​ပေါင်း၍ ဖြူးမြို့နယ် ကျွန်းကုန်း​ကျေးရွာ၌ ကွင်းဆင်း​ဆေးကုသခြင်းနှင့် ပညာ​ပေး​ဟော​ပြောခြင်း​ဆောင်ရွက်ခဲ့ရာ လူနာဦး​ရေကျား(၉)ဦး မ(၁၇)ဦး စုစု​ပေါင်း(၂၆)ဦး  အားကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးနှိုင်ခဲ့ပြီးလူဦး​ရေ(၃၂)ဦးအား ဆီးချို​ရောဂါအ​ကြောင်းနှင့်​ဆောင်ရန်​ရှောင်ရန်များအ​ကြောင်းပညာ​ပေး​ဟော​ပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရှမ်းပြည်နယ် အရှေ.ပိုင်းတာချီလိတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၈-၉-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ.ပိုင်းတာချီလိတ်မြို့ အိမ်တွင်းမှူသင်တန်းကျောင်း၌ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိအိမွန်မှ သင်တန်းသူ(၄၇) ဦးအား ပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်များ အသုံးဝင်ပုံ ဟောပြောခဲ့ပြီး တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရှမ်းပြည်နယ် တောင်ပိုင်း ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ ဆေးရုံအုပ်နှင့် ဆရာ/ ဆရာမ(၅)ဦးတို့သည် (၁၀.၉.၂၀၂၃)ရက်နေ့တွင် တောင်ကြီးခရိုင် အေးသာယာမြို့သစ် အမှတ်(၆)ရပ်ကွက် ရွှေတောင်တန်း ပရဟိတကျောင်းသို့ သွားရောက်ပြီး ကျားလူကြီး(၇၆)ဦး မလူကြီး(၁၄၀)ဦး ကျားကလေး(၂၇)ဦး မကလေး(၃၁)ဦး စုစုပေါင်း(၂၇၄)ဦးတို့အား မိုးရာသီတွင်ဖြစ်တတ်သောရောဂါများအကြောင်း ပညာပေး ဟောပြောခဲ့ပြီး တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံမြို့ ကျိုင်းတုံခရိုင်၊ တိုင်းရင်းဆေးရုံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ၁၀-၉-၂၀၂၃ ရက်နေ့ နံနက် ၉း၃၀ နာရီမှ ၁၁း၃၀ နာရီအထိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးသက်မွေးကျောင်း၌ ကွင်းဆင်းကုသခြင်းဆောင်ရွက်ရာ သင်တန်းသူ (၆၀)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပြီး မိုးရာသီတွင်ဖြစ်တတ်သောရောဂါများနှင့်ကျန်းမာအောင်နေထိုင်နည်းအကြောင်း ကို ဆေးရုံအုပ်ဦးမြင့်ခိုင်မှဆွေးနွေးပြီး၊ ဆေးဖက်ဝင်အပင်များအကြောင်း ဒုတိယဆေးရုံအုပ်ဦးဆန်းလှိုင်မှ ဆွေးနွေးခဲ့ပြီး မီးယပ်ရောဂါ‌အကြောင်းကို မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမြမြဖြူမှ  ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်