the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး ဦးစီးဌာနမှုး၏ လမ်းညွှန်မှုဖြင့် ၁၃-၉-၂၀၂၃ ရက်နေ့တွင် ညောင်လေးပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ခင်သိန်းဌေးဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှုး ဦးငြိမ်းမောင်မောင် တို့သည် ညောင်လေးပင်မြို့ ဆေးရုံရပ် မူလွန်ကျောင်း၌ ကျား ၁၀၃ ဦး၊ မ  ၁၂၀ ဦး၊ စုစုပေါင်း ၂၂၃ ဦးအား မိုးရာသီတွင် ဖြစ်တတ်သောရောဂါများအား ပညာပေးဟောပြောပြီး ကျား ၃၀ ဦး၊ မ  ၄၅ ဦး၊ စုစုပေါင်း ၇၅ ဦးတို့အား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်ခရိုင် ကူမဲမြို့ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးသွင် ဦးဆောင်သောအဖွဲ့သည် ၁၃-၉-၂၀၂၃ ရက်‌နေ့တွင် ကူမဲမြို့နယ် ကဆွန်‌ကျေးရွာအမကကျောင်း၌ ကွင်းဆင်းခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၈၀)ဦးအား ကျန်းမာရေးအသိပညာပေးဟောပြောရာတွင် လူဦးရေ (၈၅)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှူပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တိုင်းရင်း​ဆေးကုဌာနမှ ပဲခူးတိုင်း​ဒေသကြီး တိုင်းရင်း​ဆေးပညာဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့်  ၁၂.၉.၂၀၂၃ ရက်​နေ့၊ နံက်ပိုင်းတွင် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါ်တင်နွယ်နွယ်ဝင်း၊ ရုံးအကူ ဦး​စောနိုင်ဝင်းထွေး၊ စစ်ကွင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ထီးနဲမူး၊ ရုံး  အကူ ဦးရဲမင်းသူတို့ပူးပေါင်း၍ သာယာဝတီမြို့နယ် အောင်ချမ်းသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ သွေးလွန်တုတ်ကွေးရောဂါနှင့်ရာသီတုတ်ကွေးဖျားအကြောင်းဟောပြောခဲ့ရာ ကျား ၁၀၅ ဦး၊ မ ၉၈ ဦး၊ စုစုပေါင်း ၂၀၃ ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာ‌သော ကျောင်းသား၊ကျောင်းသူများကို ဟောပြောပွဲတွင် ပြောကြားခဲ့သည့် ရောဂါများအကြောင်း ပြန်လည်မေးမြန်းခဲ့ပြီး အရင်ဆုံးဖြေနိုင်သော ကျောင်းသူ ၂ ဦး ကို ဆုကြေးငွေများ ပြန်လည်ချီးမြှင့်ခဲ့ပြီး တိုင်းရင်းဆေးပညာဖြင့် အခမဲ့ဆေးကုသမှုပြုလုပ်ခဲ့ရာတွင် ကျား ၇၅ ဦး၊မ ၄၇ ဦး၊ စုစုပေါင်း ၁၂၂ ဦးကိုဆေးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၂-၉-၂၀၂ ၃ရက်နေ့ အမက မူလွန်(စက်သစ်)၌ ကျောင်းကျန်းမားရေးစစ်ဆေးပေးခဲ့ပြီး ကျား (လူကြီး) ၁၄ ဦး၊မ(လူကြီး) ၁၉ဦး၊ ကျား(ကလေး) ၁၂ဦး၊ မ(ကလေး) ၁၂ ဦး ၊စုစုပေါင်း ၅၇ ဦး တို့အားဆေးကုသမှုပေးခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက်မှ တကိုယ်ရေသန့်ရှင်းရေးအကြောင်းကို ကျန်းမာရေးအသိပညာပေးဟောပြောခြင်းအကြောင်းကို  ကျောင်းသား/ ကျောင်းသူ  ၈၀ ဦးတို့အားအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ