ပဲခူးတိုင်းဒေသကြီး (၁၆) ခုတင်ဆံ တိုင်းရင်းဆေးရုံမှ ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၁၄.၉.၂၀၂၃) ရက်နေ့တွင် ကြို့ပင်ကောက်မြို့ (၁၆)ခုတင်ဆံတိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်ဖြိုး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက်၊ အငယ်တန်းစာရေး (၃)ဦး တို့သည် ရွှေကြို့မြေ ဘိုးဘွားရိပ်သာ၌ အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ရာတွင် လူနာဦးရေကျား (၁၈)ဦး၊ မ ( ၂၁)ဦး စုစုပေါင်း (၃၉)ဦး တို့အားဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပေါင်းတလည် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင်ပေါင်းတလည် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဝင်းသည် ၁၄-၉-၂၀၂၃ ရက်နေ့တွင် ပေါင်းတလည်မြို့ ကံဦးရပ်ကွက်ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ (သံဃာတော်) ကျား ၁ ဦး နှင့် (ဝတ်အသင်းသူ) မ ၂၀ဦး စုစုပေါင်း ၂၁ ဦး တို့အားတိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရိုင်တိုင်းရင်းဆေးကုဌာနနှင့် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းပြီး ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အိအိဖြိုး ဦးဆောင်၍ မြို့နယ် တိုင်းရင်းဆေးမှုး ဒေါ်ဝါဝါလင်းနှင့် ဆေးခန်းအကူတို့ပါဝင်သော ကွင်းဆင်းအဖွဲ့သည် ၁၃.၉.၂၀၂၃ ရက်နေ့ လုမ္ဗိနီ ဘိုးဘွားရိပ်သာ၌ တိုင်းရင်းဆေးဖြင့်ကျန်းမားရေး စောင့်ရှောက်မှုပေးခဲ့ရာ ကျား (လူကြီး) ၁၈ ဦး၊ မ(လူကြီး) ၃၀ ဦး၊ စုစုပေါင်း ၄၈ ဦးတို့အား ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးနှင့်အဖွဲ့သည် ၁၃-၉-၂၀၂၃ ရက်၊ဗုဒ္ဓဟူးနေ့၊ နံနက် ၁၀နာရီမှ နေ့လယ် ၁၂နာရီထိ အလုံမြို့နယ် အ၊မ၊က ၆ကျောင်း၌ ကျောင်းသား/ကျောင်းသူ ၂၀ ဦးအား ဝမ်းလျှောခြင်းကိုဖြစ်စေသော အစားအစာ(၆)မျိုး အကြောင်း အသိပညာပေးဟောပြောခဲ့ကာ၊ ကျားကလေး ၇ ဦး၊ မကလေး ၁၃ ဦး၊ စုစုပေါင်း ၂၀ ဦးအား တိုင်းရင်းဆေးဖြင့်အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ပြီး အ၊မ၊က၊ ၆ ကျောင်းအုပ်ကြီးအား ဆေးကြပ်ထုပ်နှင့် အကြောလိမ်း ဆေးဆီ မေတ္တာလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။