ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ဝက်ထီးကန်မြို့ယ် တိုင်းရင်းဆေးကုဌာနမှ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် ၁၀-၉-၂၀၂၃ ရက်နေ့တွင် ပြည်ခရိုင် ဝက်ထီးကန်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေထွန်းသည် ဝက်ထီးကန်မြို့ကွင်းကြီးကျေးရွာ၌ ကွင်းဆင်းဆေးကုသရာလူနာကျား(၈)ဦးမ(၁၈)ဦးစုစုပေါင်း(၂၆)ဦးအား တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်း ဆေးကုသမှု့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ၁၀-၉-၂၀၂၃ ရက်နေ့ တွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးသည် ဖြူး(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်း ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး ဦးသန့်ဇင်တို့နှင့်ပူးပေါင်း၍ ဖြူးမြို့နယ် ကျွန်းကုန်းကျေးရွာ၌ ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ရာ လူနာဦးရေကျား(၉)ဦး မ(၁၇)ဦး စုစုပေါင်း(၂၆)ဦး အားကျန်းမာရေးစောင့်ရှောက်မှုပေးနှိုင်ခဲ့ပြီးလူဦးရေ(၃၂)ဦးအား ဆီးချိုရောဂါအကြောင်းနှင့်ဆောင်ရန်ရှောင်ရန်များအကြောင်းပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ.ပိုင်းတာချီလိတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၈-၉-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ.ပိုင်းတာချီလိတ်မြို့ အိမ်တွင်းမှူသင်တန်းကျောင်း၌ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိအိမွန်မှ သင်တန်းသူ(၄၇) ဦးအား ပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်များ အသုံးဝင်ပုံ ဟောပြောခဲ့ပြီး တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ ဆေးရုံအုပ်နှင့် ဆရာ/ ဆရာမ(၅)ဦးတို့သည် (၁၀.၉.၂၀၂၃)ရက်နေ့တွင် တောင်ကြီးခရိုင် အေးသာယာမြို့သစ် အမှတ်(၆)ရပ်ကွက် ရွှေတောင်တန်း ပရဟိတကျောင်းသို့ သွားရောက်ပြီး ကျားလူကြီး(၇၆)ဦး မလူကြီး(၁၄၀)ဦး ကျားကလေး(၂၇)ဦး မကလေး(၃၁)ဦး စုစုပေါင်း(၂၇၄)ဦးတို့အား မိုးရာသီတွင်ဖြစ်တတ်သောရောဂါများအကြောင်း ပညာပေး ဟောပြောခဲ့ပြီး တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မူဆောင်ရွက်ခဲ့ကြောင်း သိရသည်။