ပဲခူးတိုင်းဒေသကြီး (၂၅)ခုတင်ဆံ့ ညောင်လေးပင်ဆေးရုံမှ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် ၈-၉-၂၀၂၃ ရက်နေ့တွင်ညောင်လေးပင်ဆေးရုံမှ ဒုတိယဆေးရုံအုပ်နှင်အကြီးတန်းစာရေးဒေါ်ခိုင်သဇင်ဦးတို့သည် တပ်ဦးကျောင်းတိုက်၌ ကွင်းဆင်ဆေးကုသမှုဆောင်ရွက်ရာကျား(၇)ဥိးမ(၃၀)ဦးစုစုပေါင်း(၃၇)ဦးအားကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး လူဦးရေ(၇၅)ဦးအားသွေးတိုးရောဂါအကြောင်ပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင် သဲကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၆.၉.၂၀၂၃ရက် နံနက်၁၀နာရီတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးမော်သည်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန/ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို သဲကုန်းမြို့နယ်အထက(ခွဲ)အင်ပင်လှစာသင်ကျောင်း၌ တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ အကြောင်းအသိပညာပေးဟောပြောဆွေးနွေးပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး မကွေးခရိုင်တောင်တွင်းကြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေယံမြင့်နှင့်အဖွဲ့သည် ၈-၉-၂၀၂၃ ရက်နေ့တွင် ဆတ်သွားကျေးရွာ ဂန္ဓာရုံဘုံကျော်စာသင်တိုက်သို့ သွားရောက်ခဲ့ပြီး သံဃာတော် (၂၅)ပါးနှင့် လူပုဂ္ဂိုလ်(၇)ဦးတို့အား တိုင်းရင်းဆေးဖြင့်အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ Talk show အစီအစဥ် ဆောင်ရွက်ခြင်း
Fri , Sep 08 2023 - 06 amရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ၁-၉-၂၀၂၃ ရက်နေ့တွင် ရာသီအကူးအပြောင်းတွင်အဖြစ်များသည့် အဖျားရောဂါ အကြောင်းသိကောင်းစရာများ Talk show အစီအစဥ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။