the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှ အကြီးတန်းတိုင်းရင်းဆေးမူး ဒေါ်ချောထက် ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမူး ဒေါ်သဉ္ဇာထွန်း ဒုတိယတိုင်ရင်းဆေးမူး ဒေါ်ခင်သန္တာ​ငြိမ်း အငယ်တန်းစာရေး ဒေါ်ကြူကြူဝင်း ရုံးအကူဒေါ်စီစီမြင့်တို့ပါဝင်သောအဖွဲ့သည် ၂၂.၈.၂၀၂၃ရက်(​ဗုဒ္ဓဟူး)နေ့တွင် ဗဟန်းမြို့နယ် ဗိုလ်ချို(၂)ရပ်ကွက် လူမူဝန်ထမ်းအမျိုးသမီးသက်မွေးကျောင်း၌ နေ့လည်(၁၂)နာရီမှ ညနေ(၃)နာရီထိ သွေးလွန် တုတ်​​​ကွေးခေါင်းစဥ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း လူနာကျား (၁)ဦး မ (၄၇)ဦး စုစုပေါင်း (၄၈ ) ဦး တို့အား အခမဲ့ကွင်းဆင်းဆေးကုသမူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၃.၈.၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးဇော်ရဲအောင် သည် မြို့နယ် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကျောက်တော်မြို့မစျေးအတွင်း တရားမဝင် တိုင်းရင်းဆေးဝါးများ စစ်ဆေးခဲ့ ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၁.၈.၂၀၂၃ ရက်နေ့တွင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေနိူင်သည် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ သို့  တက်ရောက်ခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူးမှ ကျောင်းသူ/ကျောင်းသား (၅၀၀) ဦး တို့အား တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)အကြောင်းသိကောင်းစရာများနှင့် ဆေးဖက်ဝင် ရှားစောင်းလက်ပတ် ပင် အကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့ (၁၆) ခုတင်ဆံတိုင်းးရင်းဆေးရုံမှ ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ၂၂-၈-၂၀၂၃ ရက်နေ့တွင် ပေါင်းတည်မြို့ ၁၆ ခုတင်ဆံ တိုင်းးရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်လွင်လွင်အေးနှင့် အငယ်တန်းစာရေးဦးကျော်လင်းစိုး တို့သည် ပေါင်းတည် ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသဆောင်ရွက်ရာလူနာ မ ၂၀ ဦးအား တိုင်းရင်းဆေးဖြင့် အခမဲ့ ဆေးကုသခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း