ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့ (၁၆) ခုတင်ဆံတိုင်းးရင်းဆေးရုံမှ ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ၂၂-၈-၂၀၂၃ ရက်နေ့တွင် ပေါင်းတည်မြို့ ၁၆ ခုတင်ဆံ တိုင်းးရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်လွင်လွင်အေးနှင့် အငယ်တန်းစာရေးဦးကျော်လင်းစိုး တို့သည် ပေါင်းတည် ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသဆောင်ရွက်ရာလူနာ မ ၂၀ ဦးအား တိုင်းရင်းဆေးဖြင့် အခမဲ့ ဆေးကုသခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။