ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက်ဦးဆောင်သောအဖွဲ့သည် မြို့နယ်ကျန်းမားရေးဦးစီးဌာနအဖွဲ့နှင့် ပူပေါင်း၍ ကျောင်းကျန်းမာရေး သတင်းပတ်လှုပ်ရှားမှုအနေဖြင့် ၁၈.၈.၂၀၂၃ ရက်နေ့ အထက(၁)တွင် ကျောင်းကျန်းမားရေး စစ်ဆေးပေးခဲ့ပြီး ကျား ၂၃ဦး မ ၃၅ ဦး ပေါင်း ၅၈ ဦးတို့အား ဆေးကုသမှုပေးခဲ့ပြီး မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သတင်းပတ်လှုပ်ရှားများအနေဖြင့် ကျန်းမာရေးအသိပညာပေးခြင်းအား မြို့နယ် တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက်မှ တကိုယ်ရေသန့်ရှင်းရေးအကြောင်းအား ကျောင်းသားကျောင်းသူ ၂၅၆ ဦး တို့အား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ပိုက်ယဉ်ဝင်း ဦးဆောင်သော ဆေးကုသရေးအဖွဲ့သည် ၁၉.၈.၂၀၂၃ ရက်နေ့တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ၊(၄၂)ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်၌ လိပ်ခေါင်းရောဂါ အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး၊ လူနာ ကျား၁၃ဦး၊ မ၁၄ဦး၊စုစုပေါင်း၂၇ဦးတို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်၊ ညောင်တုန်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၇-၈-၂၀၂၃ ရက်နေ့တွင် ကဇန်းလပိုင်းအလယ်တန်းကျောင်း၊ ညောင်တုန်းမြို့၌ ကွင်းဆင်းဆေးကုသခဲ့ရာတွင် ကျား ၁၁၅ဦး၊ မ ၁၀၁ဦး၊ စုစုပေါင်း လူနာ ၂၁၆ ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး ကံစိတ်ဥတု အာဟာရအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခြင်းနှင့် ဆေးကုသမှုပေးခြင်းအကြောင်းကို လူဦးရေ ၂၀၀ ဦး အားကျန်းမာရေး ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၄.၈.၂၀၂၃) ရက်နေ့တွင် မိုးမေတ္တာအခမဲ့ဆေးခန်း၌ ကွင်းဆင်းဆေးကုသခဲ့ရာ လူနာကျား (၆) ဦး၊ မ (၂၄)ဦး၊ စုစုပေါင်းလူနာ( ၃၀ )ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။