the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် (၂၅)  ခုတင်ဆံ့ ပြည်တိုင်းရင်းဆေးရုံမှ  ဆေးရုံအုပ် ဒေါ်သူဇာမြင့်နှင့် အငယ်တန်းစာရေး ဒေါ်ဝေမာလွင်သန်းတို့သည် ပြည်မြို့န၀င်းရပ်ကွက်ရှိ န၀င်းဝါဆိုကျောင်းမှသံဃာ ၁၄ ပါး သီလရှင် ၆ ပါး စုစုပေါင်း ၂၀ ပါး  တို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရမ်းဗြဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခင်းလင်းရွှေသည် ၂၈-၇-၂၀၂၃ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် သာစည်ပြင်ကျေးရွာအုပ်စု တရောင်းကျေးရွာဘုန်းကြီးကျောင်း၌ ကျား လူကြီး ( ၁၉ )ဦူ ၊ ကျား လူငယ် ( ၁ ) ဦး နှင့် မ လူကြီး (၄၄ ) ဦး၊ မ လူငယ် ( ၁ ) ဦး စုစုပေါင်း (၆၅)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည် ။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာမှ ဆရာ/ဆရာမများသည် ၁၇-၈-၂၀၂၃ ရက်နေ့တွင် သမင်ကုန်းကျေးရွာအုပ်စုသမင်ကုန်းကျေးရွာ၌ အခမဲ့ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ ကျား(၃၀)ဦး ၊မ(၈၂)ဦး စုစုပေါင်း လူနာ(၁၁၂)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာန တည်နေရာနှင့် မိုးရာသီတွင် ဖြစ်တတ်သောရောဂါများအကြောင်းကို လူဦးရေ(၂၈)ဦးခန့်အား တိုင်းရင်းဆေးဖြင့် ပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သါတခရိုင်၊ ဇလွန်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၃.၈.၂၀၂၃) ရက်နေ့တွင် ရေတွင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆေးကုသ မှုဆောင်ရွက်ခဲ့ရာ ကျား=၁၀ဦး၊ မ=၄၄ဦး၊ စုစုပေါင်းလူနာ(၅၅)ဦးအား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး မိုးရာသီတွင် ဖြစ်တတ်သောရောဂါများအကြောင်း နှင့် ဆောင်ရန်၊ရှောင်ရန်များ အကြောင်းကို လူဦးရေ (၃၅)ဦး အား ကျန်းမာရေး ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ