ရခိုင်ပြည်နယ် အမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးနေဝင်းအောင်တို့သည် ၁၃- ၈- ၂၀၂၃ရက်နေ့တွင် အမ်းမြို့နယ်၊ စျေးရပ်ကွက်၊ ဇာဒီမော်ကျေးရွာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာကျားလူကြီး(၂၁)ဦး၊ မကြီ (၂၇)ဦး၊ ကလေးကျား(၄)ဦး၊ ကလေးမ(၈)ဦး၊ စုစုပေါင်း (၆၀) ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ ကျေးလက်နေပြည်သူ (၃၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ဝါဝါလင်း ဦးဆောင်သောအဖွဲ့ သည် ၁၇.၈.၂၀၂၃ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ အုတ်ဖိုစုရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တိုင်းရင်းဆေးဖြင့်အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ရာ လူကြီး ကျား(၁၀) ဦး၊ မ( ၂၈) ဦး ကလေးကျား(၁)ဦး၊ မ( ၁)ဦး စုစုပေါင်း (၄၀) ဦး အား ဆေးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် ဦးဆောင်သောအဖွဲ့သည် ၁၇.၈.၂၀၂၃ ရက်နေ့ နံနက် ၉ နာရီ မှ ၁၁ နာရီ အထိ အထက (ကွမ်းမိုးဒိန်း) ခရမ်းမြို့၌ ကျောင်းကျန်းမားရေးစစ်ဆေးပေးခဲ့ပြီး ကျား(၁၉)ဦး မ(၂၆)ဦး စုစုပေါင်း (၄၅) ဦး အား ဆေးကုမှုပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲတွင် ကျန်းမာရေးအသိပညာပေးခြင်းအနေဖြင့် မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် မှ တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲသူများ သိကောင်းစရာအချက်များကို ကျောင်းသား/ကျောင်းသူ (၂၀၃) ဦးတို့အား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာမှ ၁၇-၈-၂၀၂၃ ရက်နေ့တွင် သမင်ကုန်းကျေးရွာအုပ်စုသမင်ကုန်းကျေးရွာ၌ အခမဲ့ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ရာ ကျား(၃၀)ဦး ၊မ(၈၂)ဦး စုစုပေါင်း လူနာ (၁၁၂)ဦးအား ကွင်းဆင်းဆေးကုသပေးခဲ့ပြီး သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာန တည်နေရာနှင့် မိုးရာသီတွင် ဖြစ်တတ်သောရောဂါများအကြောင်းကို လူဦးရေ(၂၈)ဦး အား ကျန်းမာရေးပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။