ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ဝါဝါလင်း ဦးဆောင်သောအဖွဲ့ သည် ၁၇.၈.၂၀၂၃ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ အုတ်ဖိုစုရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တိုင်းရင်းဆေးဖြင့်အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ရာ လူကြီး ကျား(၁၀) ဦး၊ မ( ၂၈) ဦး ကလေးကျား(၁)ဦး၊ မ( ၁)ဦး စုစုပေါင်း (၄၀) ဦး အား ဆေးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။