the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သောအဖွဲ့သည် ၁၅-၈၊-၀၂၃ ရက်နေ့၊ ၁၁/၁၄ ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်ရှိ ပြည်သူများကို တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ဒလမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊  ဥက္ကဌ ဒေါ်သီသီမြင့်ဦးဆောင်သောအဖွဲ့၀င်များမှ ကွင်းဆင်း ဆေးကုသရာတွင်လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် ကွင်းဆင်းကုသပေးခဲ့သော လူနာဦးရေမှာ လူကြီး ကျား(၂၃)ဦး၊လူကြီး မ(၈၃)ဦး၊ စုစုပေါင်း-  (၁၀၆) ဦး တို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူးဦးတင်ဖြိုးအောင်မှ သွေးတိုးရောဂါအကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များကို တိုင်းရင်းဆေးပညာအမြင်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ‌ဒေါ်၀င်း၀င်းမြိုင်သည် ၁၅-၈-၂၀၂၃ ရက်နေ့တွင်  တောင်ကုတ်မြို့ ၀က်ကျိတ်ကျေးရွာ မူလတန်းလွန်ကျောင်း၌ တောင်ကုတ်မြို့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျားလူကြီး(၂၅)ဦး မ (၂၅)ဦး၊ ကျား-ကလေး(၇၀)ဦး၊ မ-ကလေး(၆၀)ဦး စုစုပေါင်း(၁၈၀)ဦး ဆေးကုသမှုပေးခဲ့ပြီး ကျား(၉၅)ဦး မ(၈၅)ဦး စုစုပေါင်း(၁၈၀)ဦးတို့အား မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်းဟောပြောခြင်းနှင့်  ကျောင်းကျန်းမာရေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး တိုင်းရင်း​ဆေးပညာဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏  လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ၊တိုင်းရင်း​ဆေးကုဌာနမှ ၁၆.၈.၂၀၂၃ ရက်​နေ့တွင် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါ်တင်နွယ်နွယ်ဝင်း၊ ရုံးအကူဦး​ စောနိုင်ဝင်းထွေးတို့သည် တိုက်ကျောင်းစာသင်တိုက်၌ အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၁၉) ဦး၊ မ(၁) ဦး၊ စုစုပေါင်း (၂၀)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကော့သောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးသည် (၁၀.၈.၂၀၂၃) ရက်နေ့တွင် (အ လ ကခွဲ) (၃)မိုင်၌ ကျား(၅၇)ဦး .မ(၇၄)ဦး စုစုပေါင်း(၁၃၁)ဦးတို့အား ရာသီအလိုက်ဖြစ်တတ်သောရောဂါများနှင့် ဆေးဖက်ဝင်အပင်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး နေ့လယ်ပိုင်းတွင် မူလွန်ကျောင်း (၁)မိုင်တွင် ကျား(၄၂)ဦး၊ မ(၆၄)ဦး စုစုပေါင်း(၁၀၆)ဦးအား  မီးဖိုချောင်သုံးဆေးဖက်ဝင်အပင်များအကြောင်း အသိပညာပေးဟောပြောခဲ့ပါကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း