ဧရာဝတီတိုင်းဒေသကြီး ဟင်္သါတတခရိုင် အင်္ဂပူမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၂. ၈.၂၀၂၃ ရက်နေ့တွင် အ.ထ.က.ဘုရားငုတ္တိုကျောင်း၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား(၁၀)ဦး၊ မ(၁၅)ဦး၊ စုစုပေါင်း(၂၅)ဦး အား ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်းနှင့် သွေးလွန်တုတ်ကွေးရောဂါအကြောင်းကို လူဦးရေ(၈၀) ဦးအား ကျန်းမာရေးပညာပေး ဟော ပြောခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြိုနယ်တိုင်းရင်းဆေးမှူး ဒေါ်စေကလျာမျိုးဦးဆောင်၍ တောင်ဥက္ကလာပမြို့နယ် ၁၃ရပ်ကွက် တွင်၁၅-၈-၂၀၂၃ ရက်နေ့တွင် ကျန်းမာရေးပညာေပးဟောပြောခြင်းနှင့် ကွင်းဆင်ဆေးကုသခြင်းဆောင်ရွက်ရာ လူနာဦးရေ-ကျား(၁၇)ဦး နှင့် မ(၁၅)ဦး အားကုသခဲ့ပြီး|မိုးရာသီတွင်ဖြစ်တတ်သောရောဂါများအကြောင်းဟောပြောခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သောအဖွဲ့သည် ၁၅-၈၊-၀၂၃ ရက်နေ့၊ ၁၁/၁၄ ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်ရှိ ပြည်သူများကို တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသပေးခဲ့ပြီး ဒလမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဌ ဒေါ်သီသီမြင့်ဦးဆောင်သောအဖွဲ့၀င်များမှ ကွင်းဆင်း ဆေးကုသရာတွင်လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် ကွင်းဆင်းကုသပေးခဲ့သော လူနာဦးရေမှာ လူကြီး ကျား(၂၃)ဦး၊လူကြီး မ(၈၃)ဦး၊ စုစုပေါင်း- (၁၀၆) ဦး တို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူးဦးတင်ဖြိုးအောင်မှ သွေးတိုးရောဂါအကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များကို တိုင်းရင်းဆေးပညာအမြင်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။