the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်၊ ​ကျိုက်လတ်မြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးစိုးလင်း​သည် မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ ၁၃.၈.၂၀၂၃ ရက်နေ့တွင် ကျိုက်လတ်မြို့၊ အမှတ်(၁)ရပ်ကွက်၌ ကွင်းဆင်း​ဆေးကုသမှု ဆောင်ရွက်ခဲ့ရာတွင် ကျား(၁၅)ဦး မ(၂၄) ဦး စုစု​ပေါင်းလူနာ (၃၉)ဦး အား ကွင်း​ဆင်းကုသ​ပေးခဲ့ပြီး အဆိပ်ရှိသောအစားအစာများ ခေါင်းစဉ်ဖြင့် လူဦးရေ (၅၀)ဦးအား ကျန်းမာ​ရေးအသိပညာ​ပေး​ဟော​ပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ဝင်းရွှေ တို့သည် ၁၃-၈-၂၀၂၃ရက်နေ့တွင် ကျောက်ဖြူမြို့၊ ကုလားဘာတောင်ရပ်ကွက်၌ ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာ ကျားလူကြီး (၁၃)ဦး၊ မလူကြီး (၃၀)ဦး၊ ကလေးကျား (၁)ဦး၊ ကလေးမ (၁)ဦး၊ စုစုပေါင်း (၄၅)ဦးတို့အား  ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ လူဦးရေ(၅၀)ဦး အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေး အသိပညာပေးဟောပြော ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမြင့်ဦးတို့သည် ၁၃-၈-၂၀၂၃ရက်နေ့တွင်  မာန်အောင်မြို့နယ်  စမုံတဲအုပ်စု၊ မျက်မချောင်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ  လူနာကျားကြီး (၁၁) ဦး၊ မကြီး (၃၁)ဦး၊ ကလေးကျား (၅) ဦး၊  ကလေးမ (၅) ဦး ၊စုစုပေါင်း (၅၂)   ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ ကျေးလက်နေပြည်သူ (၅၂) ဦးအား တိုင်းရင်းဆေး ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ စီစဥ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာန ညွှန်ကြားမှုအရ (၁၁.၈.၂၀၂၃)ရက်နေ့တွင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး  ဒေါ်လှမြတ်ထက်နှင့် ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဒေါ်ခင်နှင်းဝေတို့မှ သုံးစွဲရန်မသင့်သော တားမြစ် တိုင်းရင်းဆေးဝါးများ အန္တရာယ်အကြောင်း အသိပညာပေး TALK SHOW အား ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်