ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးစိုးလင်းသည် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း၍ ၁၃.၈.၂၀၂၃ ရက်နေ့တွင် ကျိုက်လတ်မြို့၊ အမှတ်(၁)ရပ်ကွက်၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာတွင် ကျား(၁၅)ဦး မ(၂၄) ဦး စုစုပေါင်းလူနာ (၃၉)ဦး အား ကွင်းဆင်းကုသပေးခဲ့ပြီး အဆိပ်ရှိသောအစားအစာများ ခေါင်းစဉ်ဖြင့် လူဦးရေ (၅၀)ဦးအား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ဝင်းရွှေ တို့သည် ၁၃-၈-၂၀၂၃ရက်နေ့တွင် ကျောက်ဖြူမြို့၊ ကုလားဘာတောင်ရပ်ကွက်၌ ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခဲ့ရာ လူနာ ကျားလူကြီး (၁၃)ဦး၊ မလူကြီး (၃၀)ဦး၊ ကလေးကျား (၁)ဦး၊ ကလေးမ (၁)ဦး၊ စုစုပေါင်း (၄၅)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ လူဦးရေ(၅၀)ဦး အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေး အသိပညာပေးဟောပြော ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမြင့်ဦးတို့သည် ၁၃-၈-၂၀၂၃ရက်နေ့တွင် မာန်အောင်မြို့နယ် စမုံတဲအုပ်စု၊ မျက်မချောင်းကျေးရွာ၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ လူနာကျားကြီး (၁၁) ဦး၊ မကြီး (၃၁)ဦး၊ ကလေးကျား (၅) ဦး၊ ကလေးမ (၅) ဦး ၊စုစုပေါင်း (၅၂) ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး၊ ကျေးလက်နေပြည်သူ (၅၂) ဦးအား တိုင်းရင်းဆေး ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။