ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၁.၈.၂၀၂၃ ရက်နေ့တွင် စစ်တွေမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ကွင်းဆင်းခရီးစဉ်၌ လိုက်ပါပြီး ကုန်တန်းရပ်ကွက်တွင် စစ်တွေမြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ် အသိပညာပေးခြင်းနှင့် မိုခါအလွန် ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လိုက်ပါ ဆောင်ရွက်ရာတွင် အသိပညာပေးဟောပြောပွဲသို့ လူဦးရေစုစုပေါင်း(၁၅၀)ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံသို့ ဆေးဝါး,အာဟာရနှင့်ရေသန့် များ လှူဒါန်းခြင်း
Fri , Aug 11 2023 - 07 pmပဲခူးတိုင်းဒေသကြီး ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံသို့ ၁၂-၈-၂၀၂၃ ရက်နေ့တွင် စိန်ဘယက်ဆေးတိုက်၊ ဒေဝယက္ခဆေးတိုက်တို့မှ ပဲခူးတိုင်းရင်းဆေးရုံရှိ လူနာ၊ လူနာစောင့်များနှင့် ဝန်ထမ်းမိသားစုများအား ဆေးဝါး,အာဟာရနှင့်ရေသန့် များလာရောက် ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၁.၈.၂၀၂၃ ရက်နေ့တွင် တာဝန်ကျရာအမှတ်(၃)ရပ်ကွက် အထက(၁) မြကြေးမှုန် ရေဘေးကယ်ဆယ်ရေးစခန်း၌ တိုင်းရင်းဆေးခန်ဖွင့်၍ တိုင်းရင်းဆေးပညာြဖင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ( ၁၆ ) ခုတင်ဆံတိုင်းရင်းဆေးရုံမှ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ ဦးစီးဌာနမှူး ၏လမ်းညွှန်မှုဖြင့် ကြို့ပင်ကောက်မြို့ ( ၁၆ ) ခုတင်ဆံတိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်ဖြိုး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက်၊ အငယ်တန်းစာရေး (၃ )ဦးတို့ ပါဝင်သောအဖွဲ့သည် သည် ( ၁၁. ၈ .၂၀၂၃)နေ့တွင် ရွှေကြို့မြေဘိုးဘွားရိပ်သာ၌ အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာတွင် လူနာဦးရေကျား ( ၁၆ )ဦး ၊ မ ( ၁၉)ဦး စုစုပေါင်း( ၃၅ )ဦးတို့အားဆေးကုသမှုပေးခဲ့ကြောင်း သိရှိရသည်။