ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၄-၈-၂၀၂၃ ရက်နေ့တွင် မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အ.မ.က ရွှေကျောင်း၌ ကျောင်းကျန်းမာရေး ကွင်းဆင်း ဆေးကုသခဲ့ရာတွင် ကလေး ကျား(၆၀)ဦး၊ ကလေး မ(၄၃)ဦး ၊စုစုပေါင်းလူနာ(၁၀၃)ဦး အား ကွင်းဆင်း ဆေးကုသပေးခဲ့ပါကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဉီးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင် ပေါင်းတလည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဝင်းသည် ၇-၈-၂၀၂၃ ရက်နေ့တွင် ကုန်းဇင်းကျေးရွာသို့သွားရောက်၍ လူနာ ကျား(၆)ဦး၊ မ(၁၀)ဦး စုစုပေါင်း (၁၆)ဦး တို့အား တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင် ပေါက်ခေါင်း တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်ရင်းဆေးမှူး ဒေါ်ခင်သိန်းရီသည် ၇-၈-၂၀၂၃ ရက်နေ့တွင် ရပ်သစ်ကျေးရွာ၌ သွားရောက်၍ ကျား(၈)ဦး၊ မ(၁၄)ဦး၊ စုစုပေါင်း(၂၂)ဦးအား အခမဲ့ကွင်းဆင်းကုသပေးခြင်းနှင့် ရာသီတုတ်ကွေးရောဂါအကြောင်းအသိပညာပေးဟောပြောခဲ့ပါကြောင်းသိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ (၁၆)ခုတင်ဆံ တိုင်းရင်းဆေးရုံ၊ ကျုံပျော်မြို့မှ (၆.၈.၂၀၂၃)ရက်နေ့တွင် အောင်ဆန်း ရပ်ကွက်၊ ဘုရားကြီးကျောင်းတိုက် သာသနာ့ဗိမာန်၌ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက် ခဲ့ရာတွင် ကိုရင်(၃၀)ပါး၊ မ(၂)ဦး စုစုပေါင်း လူနာ(၃၂)ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး မိုးရာသီတွင် ဖြစ်တတ်သောရောဂါများအကြောင်းကို လူဦးရေ (၃၅)ဦးအား ကျန်းမာရေး ပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။