ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေမျိုးမြတ်သည် ၄-၈-၂၀၂၃ရက်နေ့တွင် ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ရာ၌ မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာတွင် ပြည်သူ (၁၂၀) ဦး အား သွေးလွန်တုတ်ကွေးရောဂါအကြောင်း တိုင်းရင်းဆေးဖြင့် ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ပြီး တိုင်းရင်းဆေးဝါးများကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် စစ်တွေခရိုင် မြောက်ဦးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဌေး သည် ၃-၇-၂၀၂၃ ရက်နေ့တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော ဒေသများအား လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများစုပေါင်း၍ ကွင်းဆင်း၍ မြက်ရိတ်ကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ မြတ်ရိတ်ကျွန်းကျေးရွာ ပြည်သူဦးရေ ၇၀ ဦးခန့်အား မိုးရာသီတွင် ဖြစ်ပွားတက်သောရောဂါများ ကြိုတင်ကာကွယ်ပါ ခေါင်းစဉ်ဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ပြီး တိုင်းရင်းဆေးဝါးများကိုလည်း လှူဒါန်းခဲ့ပါကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ် ဝင်းဝင်းမြိုင်သည် ၂-၈- ၂၀၂၃ ရက်နေ့တွင် ဌာနဆိုင်ရာများနှင့်အတူ တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်နှင့် သိမ်တောင်ရပ်ကွက်တို့၌ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါကြိုတင်ကာကွယ်ရေး နှင့် ရာသီ တုပ်ကွေး ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး သွန် လဲ စစ် နှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန မင်းပြားမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေမျိုးမြတ် သည် ၂.၈. ၂၀၂၃ရက်နေ့တွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းရှိ သင်တန်းသူ(၃၀) ဦးအား ကွင်းဆင်းဆေးကုသပေးခြင်းနှင့် သင်တန်းသူ (၆၀) ဦးအား မီးယပ်ဖြူရောဂါနှင့် ပတ်သက်၍ ပညာပေးဟောပြောခဲ့ပါကြောင်း သိရှိရသည်။