the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး  ဦးသိန်းဌေးအောင်သည် ၂၆-၇- ၂၀၂၃ ရက်နေ့တွင် ဌာနဆိုင်ရာများနှင့်ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်တွေ မြို့နယ် ဇောဘူဂျာကျေးရွာနှင့် မောင်နီပြင်ကျေးရွာများ၌ စုစုပေါင်း(၂၅၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခဲဲကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ် သင်းသင်းဌေးသည် ပြည်သူ့ကျန်းမာရေးဌာနနှင့် ပူးပေါင်း၍ ၂၆- ၇- ၂၀၂၃ ရက်နေ့တွင် မြောက်ဦးမြို့ဆင်ချဆိပ်ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်း၌ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးအကြောင်း ပညာပေးဟောပြောခဲ့ရာ ကျောင်းသား (၁၃၀)ဦး၊ ကျောင်းသူ (၉၈) ဦး ၊စုစုပေါင်း (၂၈၈) ဦးအား ပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် မှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စံသွယ်နှင့်အဖွဲ့သည် ကုသရေးဦးစီးဌာန ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၆-၇-၂၀၂၃ ရက်နေ့တွင် ရေနံချောင်းမြို့ အိုးဘိုရပ်ကွက်ရှိ အ မ.က(၅)အိုးဘိုကျောင်း၌ ကျောင်းသူ/ ကျောင်းသား(၇၆)ဦးအား မိုးရာသီတွင်ဖြစ်တတ်သော ရောဂါငယ်များအကြောင်းနှင့် ရေချိုးခြင်းနည်းစနစ်များအကြောင်းကို တိုင်းရင်းဆေးပညာပေးဟောပြောခဲ့ပြီး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၉)ဦးအား တိုင်းရင်းဆေးဖြင့်အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရှိသည်

ဆက်လက်ဖတ်ရှုပါ

တနင်္သာရီတိုင်းဒေသကြီး (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပွင့်ဖြူဖြူသော်သည် ၂၄-၇-၂၀၂၃ ရက်နေ့တွင် ထားဝယ်မြို့ လူငယ်ပရဟိတကျောင်း၌ လူငယ်(၄၀)ဦးအား တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောပြီး အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ