ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင့်ရည်လှိုင်၊ ဇီးကုန်းမြို့နယ် တိုင်းရင်းဆေကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ညို၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးသက်လုံဦး၊ အုတ်ဖိုမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါငြိမ်းငြိမ်းစိုးတို့မှ (၂၇.၇,၂၀၂၃)ရက်နေ့တွင် မြိုနယ်(၄)မြို့နယ်ပူးပေါင်း၍ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ဘွက်တောအုပ်စု ဘိုးသာအောင်ကုန်းတံတားအနီးစက်ရုံရှမ်းကျောင်း၌ ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ရာ ယောဂီအမျိုးသား(၁၈)ဦးနှင့်ယော ဂီအမျိုးသမီး(၄၀)ဦး စုစုပေါင်း(၅၈)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ် မေမျိုးမြတ်သည် ၂၇- ၇-၂၀၂၃ ရက်နေ့တွင် ဌာနဆိုင်ရာများနှင့် ကွင်းဆင်းဆောင်ရွက်ရာ၌ မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဝမ်းလျှောဝမ်းပျက်ရောဂါအကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး အသိပညာပေး ဟောပြောဆောင်ရွက်ရာ လူဦးရေ (၇၅)ဦး တက်ရောက်ခဲ့ပါကြောင်းသိရှိရသည်။
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင် သပိတ်ကျင်းမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Fri , Jul 28 2023 - 07 amမန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင် သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ တော်ကို ၂၇-၇-၂၀၂ ၃ရက်နေ့ သပိတ်ကျင်းမြို့ တိုင်းရင်းဆေးပိုင်မြေနေရာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကချင်ပြည်နယ် မိုးညှင်းခရိုင် တိုင်းရင်းဆေးကုဌာနနှင့် မိုးညှင်းမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ မိုးညှင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသင်း၊ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ထွန်းတို့သည် ၁၈.၇.၂၀၂၃ ရက်နေ့တွင် အ.မ.က.နမီးစုကျောင်း၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွင် တိုင်းရင်းဆေးပညာအခြေခံသဘောတရားများ ကံ၊စိတ်၊ဥတု၊ အာဟာရအကြောင်း အသိပညာ ပေးဟောပြောခဲ့ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းဆောင်ရွက်ရာတွင် ကျား- ကလေး (၃၇)ဦး၊ မ (၄၉)ဦး စုစုပေါင်း (၈၆)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ခဲ့ပါကြောင်း သိရှိရသည်။