the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

တနင်္သာရီတိုင်းဒေသကြီး (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပွင့်ဖြူဖြူသော်သည် ၂၄-၇-၂၀၂၃ ရက်နေ့တွင် ထားဝယ်မြို့ လူငယ်ပရဟိတကျောင်း၌ လူငယ်(၄၀)ဦးအား တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ကျန်းမာရေးအသိပညာပေးဟောပြောပြီး အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်း​ဒေသကြီး၊ တိုင်းရင်း​ဆေးပညာဦးဌာန၊ တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် သာယာဝတီခရိုင်၊ ကြို့ပင်​ကောက်မြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ဦးသက်လုံဦး၊ အုတ်ဖိုမြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါငြိမ်းငြိမ်းစိုးနှင့်အတူပူး​ပေါင်း၍ (၂၅.၇.၂၀၂၃)ရက်​နေ့တွင် ကြို့ပင်​ကောက်မြို့နယ် ​ဗောဓိရိပ်သာ​ကျောင်းတိုက်၌ ကွင်းဆင်း​ဆေးကုသမှု​ဆောင်ရွက်ရာတွင် အမျိုးသား​(၁၅)ဦးနှင့် အမျိုးသမီး(၁၅)ဦး စုစု​ပေါင်း (၃၀)ဦးအား တိုင်းရင်း​ဆေးပညာဖြင့် ကျန်းမာ​ရေး​စောင့်​ရှောက်မှု့​ပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးစမ်းသည် ၂၅-၇- ၂၀၂၃ရက်နေ့တွင် ဌာနဆိုင်ရာများစုပေါင်း၍ ကွင်းဆင်းဆောင်ရွက်ရာတွင် ပုဏ္ဏားကျွန်းမြို့နယ် မင်းကန်ကျေးရွာ၌ ပြည်သူများအား (၁၁၇) ဦး နှင့်တန်းစွယ်ကျေးရွာ၌ပြည်သူလူထု (၁၂၈) ဦး ၊စုစုပေါင်း  (၂၄၅) ဦး တို့ကို ဝမ်းလျှောဝမ်းပျက်ရောဂါခေါင်းစဥ်နှင့် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၂၂-၇-၂၀၂၃ ရက်နေ့တွင် ထားဝယ်မြို့ လေးထပ်ကျောင်း(လူငယ်ပရဟိတ)၌  ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မော်မော်ဝေ မှ ဦးဆောင်၍ လူငယ်(၄၀)ဦးအား ကျန်းမာရေးအတွက်အသိပညာပေးဟောပြောပြီး တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း