ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင် ခရိုင်၊ မအူပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၃-၇-၂၀၂၃ ရက်နေ့တွင် အ၊မ၊က ဗောဓိကျောင်း၊ မအူပင်၌ ကျောင်းကျန်းမာစစ်ဆေးရေးအဖွဲ့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ရာ ကျား( ၄၀) ဦး၊ မ(၅၄ ) ဦး စုစုပေါင်း(၉၄) ဦးအား ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ရခိုင်ပြည်နယ် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူးဒေါ်ခင်ဝင်းရွှေသည် ၁၉-၇-၂၀၂၃ ရက်နေ့တွင် မြို့နယ်အတွင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန်ဖွဲ့စည်းထားသောစည်းရုံးရေးစစ်ကြောင်းနှင့်ပူးပေါင်း၍ကျောက်ဖြူမြို့နယ် ပြင်ဖြူရပ်ကွက်တွင်ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာလူနာကျား (၅) ဦး၊ မ (၂၀) ဦး၊ စုစုပေါင်း (၂၅) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၄-၇-၂၀၂၃ ရက်နေ့တွင် အ.မ.က သံကြိုးတိုင်ကျောင်း၌ ကျား(၄၅)ဦး၊ မ(၅၇)ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ(၁၀၂)ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကျောင်းကျန်းမာရေးကွင်းဆင်းဆေးကုသခဲ့ပါကြောင်း သိရှိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးကျော်စိန်နှင့် တိုင်းရင်းဆေးမှူး ဒေါ်စောအိအိဖြိုးဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ၁၇-၇-၂၀၂၃ ရက်နေ့တွင် မကွေးမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းသို့သွားရောက်၍ လူနာဦးရေ(၂၅)ဦးအား တိုင်းရင်းဆေးပညာ ဖြင့် အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။