the republic of the union of myanmar

ministry of health

Department of Traditional Medicine

field trip

ပဲခူးတိုင်းဒသကြီး ဒိုက်ဦးမြို့ တိုင်းရင်း​ဆေးပညာဦးစီးဌာနမှ တိုင်း​ဒေသကြီးဦးစီးဌာမှူး၏ လမ်းညွှန်မှု့ဖြင့် မြို့နယ်တိုင်းရင်း​ဆေးကုဌာန ဒိုက်ဦးမြို့မှ မြို့နယ်တိုင်းရင်း​ဆေးမှုး ဒါ်စိုးလက်မီသည် ၁၇.၇.၂၀၂၃​ နေ့တွင် အမှတ်(၇) မူလွန်​ကျောင်း၌ ​ကျောင်းကျန်းမာ​ရေး ရာသီတုပ်​ကွေး​ရောဂါအ​ကြောင်း​ကို တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောရာ တက်ရောက်သူ(၁၂၀)ဦးရှိပြီး အဆိုပါ နေရာ၌ ကွင်းဆင်း​ဆေးကုသမှုဆောက်ရွက်ခဲ့ရာ ​​ဆေးကုသခံယူ​သော ​ကျောင်းသား​/ကျောင်းသူဦး​ရေ ကျား-ကလေး(၃၀)ဦး မ-ကလေး(၄၀) ဦး စုစု​ပေါင်း (၇၀) ဦးအား တိုင်းရင်းဆေးဖြင့် ​ဆေးကုသခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

တိုင်းရင်း​ဆေးပညာဦးစီးဌာန ပြည်မြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏  လမ်းညွှန်မှု့ဖြင့် မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါ်သိန်းသိန်း​ဆွေသည် ၁၆-၇-၂၀၂၃ ​နေ့တွင် ဝင်္ဂဘာ​တောရ ​ကျောင်း၌ ကျင်းပပြုလုပ်​သော စူဠဘွဲ့နှင်းသဘင် အခမ်းအနားတွင် Medical Cover ​ဆောင်ရွက်ခဲ့ရာ ကျား ၉ ဦး မ ၈ဦး စုစုု​ပေါင်း ၁၇ ဦး အား ​တိုင်းရင်းဆေးပညာဖြင့် ကျန်းမာ​စောင့်ရှောက်မှု့​ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမြင့်ဦးတို့သည် ၁၆-၇-၂၀၂၃ ရက်နေ့တွင် မာန်အောင်မြို့နယ် ပုန်းဆိုးကြီးကျေးရွာ၌ ကွင်းဆင်းဆေးကုသခဲ့ရာ လူနာကျားလူကြီး (၁၀)ဦး၊ မလူကြီး(၂၀)ဦး၊ ကလေး-ကျား (၅)ဦး၊ ကလေးမ.(၅)ဦး၊ စုစုပေါင်း(၄၀)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေး ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်ဝင်းရွှေတို့သည် ၁၆-၇-၂၀၂၃ ရက်နေ့တွင် ကျောက်ဖြူမြို့ဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသခဲ့ရာ လူနာကျား (၂)ဦး၊ မ(၁၃)ဦး၊ စုစုပေါင်း (၁၅) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်