ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၈-၇-၂၀၂၃ ရက်နေ့တွင် အောင်သပြေဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား(၅)ဦး၊ မ(၁၀)ဦး စုစုပေါင်း လူနာ(၁၅)ဦးအား ကွင်းဆင်းဆေးကုသပေးခဲ့ပါသည်။ ဒူးနား၊ခါးနာရောဂါအကြောင်းအား ပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၉,၇,၂၀၂၃)ရက်နေ့တွင် ဆရာ/ဆရာများသည် ညောင်ကုန်းကျေးရွာ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ ကွင်းဆင်းဆေးကုသရာ ကျား-(၅)ဦး မ(၂၄)ဦး စုစုပေါင်း(၂၉) ဦးအားကွင်းဆင်းကုသပေးခဲ့ပါကြောင်းနှင့် မီးယပ်ဖြူဆင်းခြင်းရောဂါအကြောင်း သိကောင်းစရာနှင့်ဆောင်ရန်ရှောင်ရန်တို့ကို သင်တန်းသူ (၅၄)ဦးအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦး ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မာဦးနှင့် အကြီးတန်းစာရေးဒေါ်ခင်မေသက်တို့အဖွဲ့သည် ၁၉-၇-၂၀၂၃ ရက် ဗုဒ္ဓဟူးနေ့တွင် နေ့လယ် ၁း၀၀ နာရီမှ ၃း၀၀ နာရီအထိ ကျောက်ပန်းတောင်း မြို့ရှိ သဒ္ဓမ္မနန္ဒီသီလရှင် ကျောင်းတိုက်၌ ရောဂါကြီး (၆) မျိုးအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ရာတွင် တက်ရောက်သူ (၅၀)ဦးနှင့် အခမဲ့ကွင်းဆင်းဆေးကုသခြင်း အမျိုးသမီးလူနာ မလူကြီး(၁၅)ဦး မလူငယ် (၃)ဦး စုစုပေါင်း(၁၈) ဦးတို့ အား အခမဲ့ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင် ခရိုင်၊ မအူပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၃-၇-၂၀၂၃ ရက်နေ့တွင် အ၊မ၊က ဗောဓိကျောင်း၊ မအူပင်၌ ကျောင်းကျန်းမာစစ်ဆေးရေးအဖွဲ့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ရာ ကျား( ၄၀) ဦး၊ မ(၅၄ ) ဦး စုစုပေါင်း(၉၄) ဦးအား ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။