ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်၀င်း၀င်းမြိုင်သည် ၂၄-၇-၂၀၂၃ ရက်နေ့တွင် အထက (၁) တောင်ကုတ်မြို့၌ ကျား-လူကြီး(၃၀)ဦး၊ မ (၃၅)ဦး၊ ကျား-လူလေး (၁၀) ဦး မ ကလေး (၁၅)ဦး စုစုပေါင်း (၉၀)ဦး အား ၀မ်းပျက်၀မ်းလျောရောဂါအကြောင်း ပညာပေးဟောပြောခဲ့ပြီး ကျား (၄၀)ဦး၊ မ (၅၀)ဦး စုစုပေါင်း(၉၀)ဦးတို့အား အခမဲ့ဆေးကုသခြင်း ကျောင်းကျန်းမာရေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ် ခင်ဝင်းရွှေသည် ၂၃-၇-၂၀၂၃ ရက်နေ့တွင် ကျောက်ဖြူမြို့ မူလာရာမစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ လူနာကျား ကြီး (၆)ဦး၊ ကလေးကျား (၂၆) ဦး၊ ကလေးမ (၃၁)ဦး၊ စုစုပေါင်း (၆၃)ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမြင့်ဦးသည် ၂၃-၇-၂၀၂၃ ရက်နေ့တွင် မာန်အောင်မြို့နယ် သိမ်ကုန်းကျေးရွာ၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျားကြီး (၁၁)ဦး ၊မကြီး (၁၅) ဦး၊ ကလေးကျား (၅)ဦး ၊ကလေးမ (၅)ဦး ၊စုစုပေါင်း (၃၆)ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် ကျိုင်းတုံမြို့ တိုင်းရင်းဆေးကုဌာနမှ ခရိုင်ဦးစီးဌာနမှူးဦးမင်းဟန်နှင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမြမြဖြူ တို့သည် ၆.၇.၂၀၂၃ ရက်နေ့တွင် ကျိုင်းတုံမြို့ အမျိုးသမီးအိမ်တွင်းမှူသက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းသူ (၅၅) ဦးအား မိုးရာသီတွင်ဖြစ်တတ်သောရာသီတုပ်ကွေးရောဂါနှင့်မီးဖိုချောင်သုံးဆေးဖက်ဝင်အပင်များအကြောင်း တိုင်းရင်းဆေးဖြင့်ပညာပေးဟောပြော ခဲ့ကြောင်း သိရှိရသည်။